Chapter《171》

6.7K 1.1K 24
                                    

Unicode

အခန်း(၁၇၁) - အိမ်တက်ပွဲ

ယန်ရန်က လိမ်လိမ်မာမာနဲ့ လက်လေးမြှောက်ပေးသည်။ ယိုရန်၏ သွယ်လျသော လက်ချောင်းများက သူ့လက်နောက်ဘက်အား ဆေးဆီလိမ်းပေးနေသည့် မြင်ကွင်းသည် ယန်ရန်၏ နှလုံးသားထဲသို့ လျှပ်စီးကြောင်းများ တိုးဝင်လာစေသည်။ သူ့နားရွက်များ နီရဲလာသည်ကိုပင် ခံစားလို့ရနိုင်၏။

ယိုရန်ကတော့ ယန်ရန်၏ လက်အား ဆေးဆီလိမ်းပေးနေရင်း တစ်ဖက်လူရဲ့ လက်အား သဘောမကျပဲ မနေနိုင်တော့။

အရမ်းကြည့်ကောင်းလွန်းတယ်။ လက်ဖဝါးတွေက အရမ်းလည်း မကြီးသလို အသားမာလည်း မတက်ဘူး။ လက်ချောင်းလေးတွေက ရှည်ရှည်သွယ်သွယ်လေး။ လက်ဆစ်တွေကလည်း အရမ်းကြီး ထင်းထွက်မနေဘူး။ အသားအရည်ကလည်း ချောမွေ့ပြီး ဖြူဖွေးနေရော။ နှမြောဖို့ကောင်းတာက သူတို့ထဲက တစ်ချောင်းက ဒီလိုမျိုး အရုပ်ဆိုးတဲ့ ဆေးဆီတွေ ဖုန်းလွှမ်းနေပြီ။ ဒီအကွက်တွေက လက်ကိုအဆီပြန်နေစေတယ်။

ယိုရန်လိမ်းလို့ ပြီးသွားသောအခါ ဆေးဆီဘူးအား ဘေးဖယ်ထားလိုက်ပြီး သူ့လက်ကို သွားဆေးလေသည်။ သူပြန်လာတဲ့အချိန်မှာတော့ ယန်ရန်က ဖုန်းဆက်နေသည်။

"အင်း" ယန်က ပြောလိုက်သည်။ "ငါပြောင်းနေတုန်းပဲ"

"ဟင့်အင်း, ငါအခု အိမ်နီးနားချင်းရဲ့ အိမ်မှာ, ဟုတ်တယ်, အဝတ်အစား ဝတ်ထားတာ အရမ်းနည်းနေလို့, ဒီနေ့ ဒီလောက်ထိ အပူချိန်ကျသွားလိမ့်မယ်လို့ မထင်မိဘူးလေ"

"........"

"သူက တကယ့်ကို လူကောင်းတစ်ယောက်ပါ, ငါ့ကိုဝင်ခွင့်ပေးတယ်, မဟုတ်ရင် အပြင်ဘက် စင်္ကြန်မှာ မတ်တပ်ရပ်နေရမှာ"

"........"

"အင်း...ညနေမှလာခဲ့, မင်းငါ့နေရာကိုရောက်ရင် ညစာအတူတူ စားလို့ရတယ်"

"........"

"ကောင်းပြီလေ, ငါသူ့ကို မေးလိုက်မယ်"

ယန်ရန်က ဖုန်းကိုင်ထားရင်းဖြင့် ယိုရန်ကို လှမ်းကြည့်သည်။

"ဒီညနေကျရင် ကျွန်တော့် သူငယ်ချင်းတစ်ချို့ လာလည်မှာမို့လို့ ညစာအတူတူ စားကြမှာ, ခင်ဗျားရော အတူတူ ပါချင်လား?" ယန်ရန်က မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် မေးလာ၏။

(Completed) Reborn as a good childWhere stories live. Discover now