Chapter《151》

9.1K 1.3K 25
                                    

Unicode

အခန်း(၁၅၁) - မုမိသားစုအိမ်ရဲ့ဆေးခန်း

နှစ်ယောက်သား ထိုအခြေအနေနဲ့ ခဏလောက် ရပ်နေမိပြီးမှ ရိဟန်စိတ်ထဲ တစ်စုံတစ်ခု ဝင်လာသည်။

"မင်း ငါထွက်ပြေးသွားမှာ ကြောက်နေတာလား?" ရိဟန်က မေးလေသည်။

ကျင်းယွမ်ရဲ့ မျက်လုံးများ ပြုးကျယ်သွားရတော့သည်။ ထိုမျက်လုံးများက ရိဟန်အား ဘာလို့ရုတ်တရက်ကြီး ဉာဏ်ကောင်းသွားရတာလဲ ဆိုတာကို မေးနေသလိုမျိုး စူးစူးစိုက်စိုက် ကြည့်နေသည်။

"ငါ့ကို အဲ့ဒီလို လာကြည့်မနေနဲ့" ရိဟန်က စကားဆက်၏။

"မင်းအရင်တုန်းက ဆေးရုံသွားဖို့ ဒီလောက်ထိ မဆန့်ကျင်ဖူးဘူး, ဒီနေ့ကျတော့ ဘယ်လိုပြောပြော မသွားတဲ့အပြင် တံခါးဝမှာလဲ စောင့်နေတဲ့လူက နှစ်ယောက်တောင်ရှိတယ်, အဲ့ဒါက ခန့်မှန်းဖို့မှ မခက်ခဲတာ, စိတ်လျှော့ထား ငါဘယ်တုန်းကမှ ထွက်ပြေးဖို့အစီအစဉ်ကို မရှိခဲ့တာ, မင်းအခု အဖျားကြီးနေတာလေ, ငါက ဘယ်ကိုသွားနိုင်တဲ့လဲ?လွှတ်ပေးတော့, ငါမင်းအတွက် အဝတ်အစားလဲဖို့ ယူပေးမယ်, မင်းက မလှုပ်ချင်ဘူး ဆိုမှတော့ ငါမင်းကိုကားပေါ်ရောက်တဲ့အထိ ချီသွားပေးမယ်"

ကျင်းယွမ်က ရိဟန်အား မျက်တောင်ခတ် ကြည့်နေသော်လည်း လက်ကိုတော့ မလွှတ်ပေးပေ။ အဲ့ဒီအစား မျက်လုံးများသာ မှိတ်သွားသည်။

"မုကျင်းယွမ်!" ရိဟန်ကဒေါသတကြီး အော်တော့သည်။

"အိပ်ချင်ယောင် ဆောင်မနေနဲ့! ငါ့ကိုလွှတ်ပေး! မင်းအခု အချက်ခံရလုနီးပါး ဖြစ်နေပြီ, အရူးအဖြစ် ပြောင်းသွားချင်တာလား?"

ကျင်းယွမ်ရဲ့ မျက်လုံးများက လှုပ်ရှားသွားသော်လည်း မျက်ခွံများကတော့ ပိတ်နေဆဲ။

ရိဟန်ကတော့ အရမ်းကို စိတ်တိုလွန်းလို့ အိမ်ကိုတောင် ဖောက်ခွဲလို့ရနိုင်နေပြီ။ အလိမ်အညာများနဲ့စိုးရိမ်စိတ်ပူပန်နေမှုများအားလုံးကိုလည်း မေ့သွားလေသည်။ သူက ကျင်းယွမ်အား ဆွဲချပြီးသူ့ကျောလေးပေါ် တင်ဖို့လုပ်၏။

(Completed) Reborn as a good childWhere stories live. Discover now