Chapter《132》

9.3K 1.5K 30
                                    

Unicode

အခန်း(၁၃၂) - လူတိုင်းရဲ့ အကြိုက်က ဒီလောက်တောင် ဆိုးဝါးတာလား?

ကျောင်းဟွာပြောတဲ့ သတင်းကို ကြားတော့ ရိဟန်မှာ စိတ်ရှုပ်ထွေးစွာဖြင့် သူ့ဆံပင်များကို ထိုးဖွမိတော့သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အကို့ ခံစားချက်တွေကို သိတဲ့ သူဆိုလို့ ကျွန်တော်တို့ သုံးယောက်ပဲ ရှိတဲ့ဟာကို, ကျွန်တော့်ကိုကြီးက ဘယ်လိုလုပ် သိသွားမှာလဲ?"

"Mr မုတောင် မြင်နိုင်တယ် ဆိုမှတော့ Mr ပိုင်နားလည်သွားတာလည်း ထူးဆန်းတာတော့ မဟုတ်ပါဘူး" ကျောင်းဟွာက တည်ငြိမ်စွာ ပြန်ပြောသည်။

ရိဟန်သည် တည်ငြိမ်အေးချမ်းနေသည့် ကျောင်းဟွာရဲ့ မျက်နှာကို ကြည့်ရင်း ထိလူတစ်ခါက ပြောခဲ့ဘူးသည့်

'သူနဲ့ အနီးစပ်ဆုံးမှာ ရပ်တည်နေနိုင်သ၍ သူ့ကို မကြာခဏ မြင်နေရရင်ပဲ လုံလောက်ပါပြီ' နှင့်

'ဒီမြို့ထဲမှာ နေနိုင်သ၍ ငါသူနဲ့ အနီးစပ်ဆုံး ဖြစ်နေနိုင်မှာပဲ' ဆိုတဲ့စကားအားများ ပြန်အမှတ်ရသွားမိသည်။

ကျောင်းဟွာ အရင်က ပြောခဲ့တဲ့ စကားများကို ပြန်စားမိတော့ ရိဟန်ရဲ့ နှလုံးသားက ဆုပ်နယ်လိုက်သလို တင်းကြပ်သွားရသည်။ ကျောင်းဟွာကို နှစ်သိမ့်နိုင်ဖို့ ဘယ်လိုစကားမျိုး ပြောရမှန်းပင် မသိတော့ပေ။

ကျောင်းဟွာက သူ့အဆောက်အဦး ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ကာ မေးလာသည်။

"ရိဟန်, ငါမင်းကို အကူအညီတစ်ခုလောက် တောင်းချင်လို့, ကျေးဇူးပြုပြီး ဒီအိမ်အတွက် ငါ့ကို ဝယ်သူကောင်းကောင်းလေး တစ်ယောက်လောက် ရှာပေးပါလား, အကယ်၍ ငါရောင်းသွားလိုက်မယ်ဆိုရင် ချောင်ချုန်းမှာ သေသေချာချာ အခြေချ နေနိုင်လိမ့်မယ်"

ရိဟန်သည်လည်း လှည်ပတ် ကြည့်မိသည်။ ဒီအဆောက်အဦးက နွေးထွေးတောက်ပမှုများဖြင့် ပြည့်နှက်နေတာပင်။ ကျောင်းဟွာကလည်း မကြာခင်ကမှ ပြောင်းလာခဲ့ခြင်းဖြစ်သည်။ ဒီနေရာရဲ့ တစ်လက်မဆီတိုင်းက အိမ်ဆိုတဲ့ ခံစားချက်များ ဖြာထွက်နေသည်။ ကျောင်းဟွာက ဒီအိမ်ကို အလှဆင်ဖို့ အများကြီး ကြိုးစားအားထုတ်ထားရမှာ သိသာလှသည်သာ။ ရိဟန်တောင် ဒီနေရာကို တစ်ခေါက်ပဲ လာခဲ့ပေမယ့် မခွဲနိုင်မခွာရက် ဖြစ်နေခဲ့ပြီလေ။ ကိုယ်တိုင် အလှဆင်ထားရတဲ့ ကျောင်းဟွာက ဒီလိုစကားမျိုး ပြောရတာ ဘယ်လောက်တောင် စိတ်မကောင်း ဖြစ်နေလိုက်မလဲ?

(Completed) Reborn as a good childWhere stories live. Discover now