Unicode
အခန်း(၂၁၉) - အကျဉ်းသား
ဖန်းဝန်နှင့် ဝေဝုတို့သည် မငြင်းဆန်ဝံ့ကြပေ။ သူတို့က ကားထဲသို့ အလျင်အမြန် ဝင်သွားကြသည်။ ကျင်းယွမ်က ကားထဲ မဝင်ခင်မှာ ဖန်းရီအား လှည့်ကြည့်လိုက်၏။
"ကျေးဇူးပြုပြီး ချင်အန်းဆီက အကူအညီတောင်းပေးပါ!" ကျင်းယွမ်က ပြောသည်။
"ရိဟန်သာ လုံခြုံသ၍ ဘယ်လိုတောင်းဆိုမှုမျိုးကိုမဆို လုပ်ပေးမယ်လို့ ပြောပေးပါ!"
ထိတ်လန့်တုန်လှုပ်မှုကြောင့် ကြောင်အအ ဖြစ်နေသည့် ဖန်းရီက ကျင်းယွမ်ပြောတဲ့ လူအကြောင်း မေ့သွားပြီး ကျင်းယွမ်ရဲ့ စကားကို ကြားတဲ့အခါမှသာ ချင်အန်းကို သတိရသွားသည်။ သူ့ခေါင်းသူ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြီး ဖန်းရီက ကြောက်လန့်နေသည့် တုန်တုန်ယင်ယင် လက်များဖြင့် ဖုန်းကိုထုတ်ယူကာ ချင်အန်းအား ခေါ်လိုက်သည်။
"ရိဟန် ဒုက္ခရောက်နေပြီ!"
ဖန်းရီက ဖုန်းဆက်သွယ်သွားသည်နှင့် တစ်ပြိုင်နက် ချက်ချင်းအော်လိုက်သည်။
"သူ့ကို ဘေးကင်းအောင် ကူညီပေးပါ!"
"ဘာတွေဖြစ်နေတာလဲ? ကိုယ့်ကို အကုန်ပြောပြ!" ချင်ဖုန်းက ပြန်မေးပြီး သူ့ရဲ့ ပုံမှန် ရယ်ရွှင်မြူးတူးနေတတ်သည့် ပုံစံမျိုးလည်း မရှိတော့ပေ။
ဖန်းရီက အခြေအနေအား အကြမ်းဖြင်း အကျဉ်းချုံးပြောပြလိုက်သည်။ သူ့အသံက ကြောက်လန့်မှုဖြင့် တုန်ယင်နေ၏ — ရှားပါးလှသည့် ဖြစ်ရပ်ပင်
"အားဖုန်း၊ ဒါက အရမ်းအရေးကြီးတယ်။ ရိဟန်တစ်ခုခုဖြစ်သွားရင်..."
"မလန့်နဲ့" ချင်ဖုန်းက တည်တည်ငြိမ်ငြိမ် ပြောသည်။
"သူအဆင်ပြေမှာပါ ကိုယ်ရှိတယ်"
ဖုန်းခေါ်ဆိုမှုပြီးဆုံးသွားသောအခါတွင် ချန်ကျင်းက စတီယာရင်ဘီးအား လှည့်ရင်း ဖန်းရီအား လှည့်ကြည့်သည်။
"မင်းက ပိုင်သခင်လေးနဲ့ ရင်းနှီးတယ်ဆိုတာ ငါသိပါတယ်။ မင်းသူ့အတွက် စိတ်ပူနေတယ် ဆိုတာက နားလည်ပေးလို့ရတယ်။ ဒါပေမဲ့ မင်းနားလည်ထားရမှာက အခင်းဖြစ်ရာမှာ ထိတ်လန့်နေတယ် ဆိုတာ အကြီးမားဆုံး အမှားပဲ။ အခြေအနေက ပိုပြီး အန္တာရယ်များလေလေ ပိုပြီး တည်ငြိမ်ဖို့ အရေးကြီးလေလေပဲ။ ဒါက ရဲသားတစ်ယောက်ရဲ့ အခြေခံ စည်းမျဉ်းပဲ"
YOU ARE READING
(Completed) Reborn as a good child
Romanceအသုံးမကျပဲဆိုးသွမ်းသည့်ကလေးတစ်ယောက်အနေဖြင့်နောက်ဆုံးတွင်ပိုင်ရိဟန်ကသူ့မိသားစုကိုအဆုံးသတ်စေခဲ့သည်။ ပြန်လည်မွေးဖွားပြီးနောက်သူသည်မိမိကိုယ်ကိုသန့်ရှင်းအောင်လုပ်ရန်နှင့်ကလေးကောင်းတစ်ယောက်ဖြစ်ရန်ကြိုးစားအားထုတ်ဖို့ဆုံးဖြတ်ခဲ့သည်။ သို့သော်အရာများစွာကသူမှေ...