Chapter《20 and 21》

18.9K 2.8K 151
                                    

Unicode

အခန်း(၂၀) - ထိတ်လန့်တကြား ထွက်ပြေးခြင်း

ပိုင်မိသားစုအတွက်တော့ လဝက်ခန့်သာ ကြာသေးတာဆိုပေမယ့် တကယ်တမ်း ရိဟန်အတွက်ကတော့ မုကျင်းယွမ်ကို မတွေ့ရတာ နှစ်နှစ် ကျော်သွားခဲ့ပြီ။

လူတိုင်းပြောကြတာက မွေးရပ်မြေကို အချိန်အကြာကြိးနေမှ ပြန်သွားခြင်းဟာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ပေးစွမ်းနိုင်တယ်တဲ့..ဒါပေမဲ့အဲ့ဒါက အချိန်အကြာကြီး မတွေ့ခဲ့ရတဲ့ တစ်စုံတစ်ယောက်ကို ပြန်တွေ့ရတာကလည်း အတူတူပါပဲလေ။

ရိဟန်က ကျင်းယွမ်ကို သူ့အနာဂတ် ယောက်ဖလောင်းအဖြစ် ဆက်ဆံဖို့ ဆုံးဖြတ်ထားပေမယ့်လည်း တကယ်တမ်း သူနဲ့ နောက်တစ်ခေါက် မျက်နှာခြင်းဆိုင်ရမယ့် အချိန်မှာတော့ အရင်တုန်းက နှလုံးသားတစ်ခုလုံးနဲ့ နာကျင်ခဲ့ရမှုများအား သတိရမိဆဲပင်ဖြစ်နေသည်။

ထို့ကြောင့်လည်းလောလောဆယ်မှာ သူကျင်းယွမ်ကို လစ်လျူရှုထားယုံသာ တတ်နိုင်သည်။ ကျင်းယွမ်ကို ပိုပြီး ရှောင်ရှားနိုင်လေလေ ပိုပြီးကောင်းမွန်လေလေပဲ

ရိဟန်က တကယ့်ကို အားနည်းပြီး သူရဲဘောကြောင်တဲ့သူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ တကယ်တော့ မာနထောင်လွှားခြင်းနဲ့ ရိုင်းပျတဲ့ ကိုယ်ရည်ကိုယ်သွေး အားလုံးက သူ့မိသားစုရဲ့ အလိုလိုက်ခြင်းကနေ ဖြစ်တည်လာခြင်းဖြစ်သည်လေ။ သူက တကယ်တော့ တစ်ချက် ထိုးဖောက်လိုက်တာနဲ့ ပျော့ပျောင်းညွှတ်ကျသွားနိုင်တဲ့ စက္ကူကျားတစ်ကောင်က ကျားအစစ်လို ဟန်ဆောင်နေတာသာ။

သို့သော်လည်း အခွံထဲ ပုန်းနေတဲ့ သူရဲဘောကြောင်သော လိပ်တစ်ကောင်အဖြစ် အကြာကြီး မခံလိုက်ပေ။ နှစ်ပတ်ခန့် ကြာပြီးနောက်မှာ ရိဟန်သည် ကျင်းယွမ်ရဲ့ ပြန်လာမှုနဲ့ ထိပ်တိုက် တွေ့သွားရသည်။

ရိဟန်လှေခါးထောင့် တစ်နေရာကို ရောက်တဲ့အချိန်မှာပဲ အောက်ထပ်မှာ ကြားဖူးနေကြ မုကျင်းယွမ်ရဲ့ အသံကို ကြားလိုက်ရသည်။ ထိုအသံက သူ့အရိုးထဲမှာ ထွင်းထုထားသလိုမျိုး ကောင်းကောင်းကြီး သိနေပေမယ့်လည်း ထိုနက်ရှိုင်းပြီး ချောမွေ့နေတဲ့ အသံများက အဝေးတစ်နေရာမှာ ထွက်ပေါ်လာသလိုပင် ခံစားလိုက်ရသည်။ သူ့ခြေလှမ်းများ အေးခဲသွားရ၏။ 

(Completed) Reborn as a good childWhere stories live. Discover now