Chapter《116》

11.7K 1.7K 18
                                    

Unicode

အခန်း(၁၁၆) - ထောင်ချီအဖမ်းခံထားရပြီ

"အကိုက ကျွန်တော့်ကို ဒေါသမထွက်ပေမယ့် ကျောင်းကောကို ဒေါသထွက်တယ်လေ" ရိဟန်က သူ့အကိုအား ပွစိပွစိပြောနေသည်။

"ကျွန်တော်တို့ရှေ့မှာတောင် ဒီလိုမျိုး လုပ်နေမယ်ဆိုရင် နောက်ကွယ်မှာ ဘယ်လောက်တောင် အနိုင်ကျင့်နေမလဲ ဘယ်သူသိမှာလဲ? သူ့ပုံစံကြည့်ရတာ အနိုင်ကျင့်ဖို့ လွယ်ကူတဲ့ ပစ်မှတ်နဲ့ တူနေလို့ မှတ်လား?ဟမ့်, အကိုဒီလိုမျိုး လုပ်လို့ရနေတဲ့ အကြောင်းက...."

သူအကို့ကို သဘောကျနေလို့

"အကြောင်းက ဘာဖြစ်လို့လဲ?" ပိုင်ယန်က မောပန်းစွာ မေးလာသည်။

ရိဟန်က သူ့နှုတ်ခမ်းကို ကိုက်ထားမိသည်။

"အကြောင်းက သူ့အကျင့်က ကောင်းလို့ပေါ့, အကို့လိုမျိုး စည်းစနစ်မကျတဲ့ သူဌေးမျိုးကို ဘယ်သူမှ အလုပ်အကြွေးပြုချင်မှာ မဟုတ်ဘူး, သူ့ကိုဘယ်သူမှ မလိုချင်တာမှ မဟုတ်တဲ့ဟာကို" သူက မှုန်ကုပ်ကုပ်ဖြင့် ပြန်ပြောသည်။

အခုအချိန်မှာ ကျင်းယွမ်ကတော့ ရိဟန်က ကျောင်းဟွာအား သူ့ရှေ့တင် ထမင်းသွားစားဖို့ ချိန်းဆိုနေသည်အား နားထောင်လိုက်ရသည့်အပြင် ရိဟန်က ကျောင်းဟွာအတွက်ပါ ပြောပေးနေတာကြောင့် တိတ်တဆိတ် ဆူပုတ်တင်းမာနေသည်။

"မြန်မြန်သောက်တော့" ကျင်းယွမ်က အသံတိုးတိုးဖြင့် ဝင်ပြောသည်။

"အေးနေပြီ"

ရိဟန်က ကျင်းယွမ်အား တစ်ချက်ကြည့်လိုက်ပြီး တွန့်ဆုတ်ဆုတ်ဖြင့် ဟင်းချိုပန်းကန်အား သူ့နှုတ်ခမ်းဆီ နောက်တစ်ဖန် ပြန်မလိုက်သည်။

သူ့ရဲ့ သနားစရာ ကျောင်းကောလေး...

သူက စိတ်ထဲမှာသာ သက်ပြင်းချမိလေသည်။ 

သူ့အကိုကြီးက ဒီလိုလူမျိုး ဖြစ်နေမယ်လို့ မထင်ထားလိုက်မိဘူး... ကျောင်းဟွာတစ်ယောက်တော့ ခက်ခက်ခဲခဲ ရုန်းကန်နေရမှာပဲ

စိတ်မကောင်းဖြစ်နေဆဲ ဖြစ်သည့် ပိုင်ယန်အား ပြန်ပို့ပြီးနောက်မှာ ကျင်းယွမ်က လေးလေးနက်နက်ဖြင့် သူ့စာရွက်စာတမ်းများအား တိတ်တဆိတ် ဖတ်နေသည်။ ကျင်းယွမ်က ရိဟန်ကို သူကိုယ်တိုင် စောင့်ရှောက်နိုင်ဖို့အတွက် အရေးတကြီး ဖြစ်နေတဲ့ စာရွက်စာတမ်းအားလုံးကို ချန်းဟုန်ကို လာပို့ခိုင်းထားသည်လေ။ 

(Completed) Reborn as a good childWhere stories live. Discover now