Chapter《170》

7.2K 1.1K 36
                                    

Unicode

အခန်း(၁၇၀) - အိမ်နီးချင်းအသစ်

သူတို့ရဲ့ ရင်ဘက်တွေ အတူတကွ ဖိကပ်သွားတဲ့အချိန်မှာ ကျင်းယွမ်ရဲ့ ရယ်သံကြောင့် တုန်ခါသွားသည့် နှုန်းကိုပင် ရိဟန်အလွယ်တကူ ခံစားရနိုင်သည်။

ဒီခံစားချက်ကို သူကြိုက်တယ်။

သတိလက်လွတ်ဖြင့်ပင် သူ့ရင်ဘက်နဲ့ ကျင်းယွမ်ရဲ့ ရင်ဘက်ကို ထပ်မံပွပ်သပ်မိသွား၏။

"ဒါဆို ငါတို့အိမ်ပြန်ရောက်မှပဲ မင်းကိုမြှူဆွယ်တော့မယ်" ရိဟန်က ပြောလာသည်။

ကျင်းယွမ်မှာ အသက်ရှုကြပ်သွားရသည်။

"အဆိုးလေး" သူက ပြောရင်း ရိဟန်ရဲ့ နှာခေါင်းထိပ်လေးအား ညင်ညင်သာသာ ကိုက်ဆွဲလိုက်ကာ

"မင်းအခုပဲ ကိုယ့်ကိုမြူဆွယ်နေပြီလေ"

ကျင်းယွမ်က ကြီးမားသည့် စိတ်စွမ်းအင်အား အသုံးပြုကာ ရိဟန်ကို လွှတ်ပေးလိုက်ပြီး သူ့စားပွဲဆီသို့ ပြန်သွားလိုက်ရလေသည်။ အကယ်၍ ဆက်ပြီးဖက်ထားမိရင် တစ်ခုခု ဖြစ်သွားမှာကို အရမ်းကြောက်မိတယ်လေ

ကျင်းယွမ်က သူ့ရဲ့ ကျင်းယွမ်အသေးလေးကို တိတ်တဆိတ် ငုံ့ကြည့်လိုက်ကာ

ငါ့ဟန်ဟန်လေးက နာနေပြီ, သေချာပေါက် ထပ်လုပ်လို့ မရတော့ဘူး ရပ်လိုက်တော့မင်း

ရိဟန်က အပြုံးသေးသေးလေးနဲ့ ဆိုဖာကို မှီထိုင်နေလိုက်သည်။ သူက ဖုန်းကို ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်သွားလေသည်။

"နန့်ရှန်က စာမပြန်လာသေးဘူး" ရိဟန်က သက်ပြင်းချမိသည်။ "အရမ်းစိတ်ပူဖို့ကောင်းတာပဲ"

"အရမ်းအလျင်လိုနေပုံ မပေါ်စေနဲ့" ကျင်းယွမ်က ပြောလာသည်

"နန့်ရှန်က အရမ်းအသေးစိတ်ဆန်တယ် မင်းရဲ့ ရည်ရွယ်ချက် ရှိရှိ ဂရုစိုက်နေမှုကို အရိပ်လေးတောင် မမြင်စေနဲ့, အခုက စိုးရိမ်နေလည်း အသုံးမဝင်ဘူးလေ, ဒီလိုအချိန်မျိုးမှာ သူစကားပြောချင်စိတ် ရှိမှာမဟုတ်ဘူး"

ရိဟန်က ခေါင်းညိတ်ပြလိုက်ပြီး ဖုန်းကိုချထားလိုက်သည်။

ညနေခင်း ထိုစုံတွဲ မုအိမ်ကို ပြန်ရောက်တဲ့အချိန်မှာ ရိဟန်က ယန်ရန်အား နောက်တစ်ဖန် ဖုန်းခေါ်လိုက်၏။ နှစ်ယောက်သား နောက်လုပ်ရမယ့် အစီအစဉ်အတွက် အချိန်ကြာမြင့်စွာ ဆွေးနွေးခဲ့ကြသည်။

(Completed) Reborn as a good childWhere stories live. Discover now