Chapter《180》

7.2K 1.1K 25
                                    

Unicode

အခန်း(၁၈၀) - စိတ်ပူပန်နေရတာ ဘယ်လိုခံစားရလဲ?

"တော်တော်ကောင်းတဲ့ စိတ်ကူးယဉ်မှုပဲ" ယန်ရန်က အေးစက်စက် ပြောလာသည်။

"ခင်ဗျားက ယိုရန်ရဲ အိမ်ထဲ ဝင်လာပြီး သူ့ကိုနာကျင်စေတယ် အခုကျတော့ အကျိုးဆက် ဘာမှမဖြစ်ပဲ ထွက်သွားချင်တဲ့အပြင် ဒါကိုပါ လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားစေချင်နေသေးတယ် ပေါ့လေ? ဒါက ရယ်စရာ မကောင်းလွန်းဘူးလား?"

"ဒီနေ့ ဖြစ်ခဲ့တာက ငါ့အမှားပါ" ဟဲယွမ်က ပြန်ပြောသည်။

"ငါတောင်းပန်နိုင်တယ် ပြီးတော့ လက်စားချေတဲ့ အနေနဲ့ ငါ့ကိုပြန်ရိုက်ခွင့်လည်း ပေးမယ်, ဒီကိစ္စသာ အမှောင်ထဲမှာပဲ ရှိနေနိုင်သ၍ သူ့ဒေါသကို သူလိုချင်တဲ့ နည်းနဲ့ ဖြေလျော့ခွင့် ပေးပါ့မယ်"

ယန်ရန် ဘာမှ မပြောရသေးခင်မှာပင် ဒေါသတကြီး အော်သံတစ်ခုက ရှေ့တံခါးဆီမှ ထွက်ပေါ်လာသည်။

"အိမ်မက်သာ မက်နေလိုက်!"

သုံးယောက်သား တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်သောအခါ တိုက်ခန်းထဲ ချီတက်လာသည့် ရိဟန်အား မြင်လိုက်ကြရသည်။ လူငယ်လေးက အခန်းအား တစ်ချက် စစ်ဆေးလိုက်ပြီးနောက် ယိုရန်ဆီကို တည့်တည့် လျှောက်လာ၏။ ရိဟန်၏ မျက်လုံးများက ဒဏ်ရာရနေသည့် လူအား အထက်အောက် စစ်ဆေးလေသည်။ တစ်ဖက်လူက အရမ်းကြီး ဒဏ်ရာ မပြင်းဘူးဆိုတာ နားလည်လိုက်မှသာ စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ ယိုရန်၏ မေးရိုးမှ ယောင်ကိုင်းဒဏ်ရာ အကြီးကြီးကို သတိပြုမိတဲ့ အခါမှာတော့ ရိဟန်က ဟဲယွမ်အား လှမ်းဆွဲ၏။ သူ့နောက်မှာ ရပ်နေသည့် ကျင်းယွမ်က ချက်ချင်း ရိဟန်ကို ပြန်ဆွဲခေါ်ရသည်။

ရိဟန်ရဲ့ ခြေထောက်များက ကန်ကျောက်နေပြီး ကျယ်လောင်စွာ အော်ဟစ်နေသည်။

"ငါ့ကိုလွှတ်ပေး! ငါသူ့ကို ရိုက်ပစ်မယ်! ငါသူ့ကို သတ်ပစ်မှာ!"

ကျင်းယွမ်က သက်ပြင်းချသည်။

"မင်းက ဒေါသတွေကို လွှတ်ထုတ်ချင်တာ မဟုတ်လား? ကိုယ်မင်းကို ကူညီပြီး သူ့ကို ရိုက်ပေးမယ်, မင်းဆို သူ့ကို နိုင်မှာမဟုတ်ဘူး"

(Completed) Reborn as a good childWhere stories live. Discover now