Chapter《155》

9.9K 1.3K 15
                                    

Unicode

အခန်း(၁၅၅) - မင်္ဂလာဆောင်ရက်

ကျင်းယွမ်ရဲ့ အကြည့်က ရိဟန်ရဲ့ မျက်လုံးထဲ နက်ရှိုင်းစွာ ဝင်သွားသည်။ သူက ရှေ့ကို မှီချလိုက်ပြီး ရိဟန်ရဲ့ နှဖူးလေးကို နမ်းလိုက်၏။ ထို့နောက် သူ့တစ်ဘဝလုံးမှာ ပြောဘူးသမျှထဲ အလေးနက်ဆုံး လေသံနဲ့ ပြောလာသည်။

"ကိုယ်ဆန္ဒရှိတယ်"

ရိဟန်က ပြုံးလိုက်ပြီး ကျင်းယွမ်ရဲ့ လက်ချောင်းများအား ညင်ညင်သာသာ ဖိကပ်နမ်းလိုက်သည်။

"အခမ်းအနားပြီးဆုံးပါပြီ" သူက ဆက်ပြောသည်။

"ဒီနေ့ကစပြီး မင်းက အစစ်အမှန် ငါ့အပိုင်ပဲ, ထွက်ပြေးချင်ရင်တောင် ပြေးလို့ မရတော့ဘူး"

ကျင်းယွမ်က သူနဲ့ မျက်လုံးခြင်း ဆိုင်ကြည့်နေရင်းဖြင့်သာ တုံ့ပြန်၏။

"မင်းရှိတဲ့ ဘယ်နေရာမဆို ကိုယ့်အိမ်ပဲ, ကိုယ်က ဘယ်ကိုသွားရမှာလဲ? ထတော့, ကျောကုန်းတွေ မနာဘူးလား?"

ရိဟန်ရဲ့ မျက်နှာပေါ်က အပြုံးလေးက ကျယ်ပြန့်လာခဲ့ပြီး သွားလေးပင် ဖြီးကာ ပါးချိုင့်လေးနှစ်ဖက်ကို ထင်းခနဲ ဖြစ်သွားစေသည်။ ထို့နောက် မတ်မတ် ပြန်ထိုင်လိုက်ပြီး တစ်ဝက်ကျိုးတော့မလို ခံစားနေရသည့် နောက်ကျောလေးအား လက်ဖြင့် ထောက်ပံ့ပေးထားမိ၏။ ထို့နောက် တုန်တုန်ယင်ယင်ဖြင့်ပင် ကုတင်ပေါ် ပြန်လှဲချလိုက်လေသည်။ သူ့လက်မောင်းများကတော့ ကျင်းယွမ်ရဲ့ ခါးအား နောက်တစ်ဖန် သိုင်းဖက်လိုက်ကာ ထိုလူကြီးရဲ့ ဝမ်းဗိုက်ထဲ သူ့မျက်နှာလေးကို မြှုပ်ထားလိုက်သည်။

"ကျင်းယွမ်, မင်းသိလား?" ရိဟန်က ဗလုံးဗထွေးနဲ့ တစ်ခစ်ခစ် ရယ်သည်။

"ငါခုနက အရမ်း ရင်တုန်နေခဲ့တာ, ဟား...အခု ပြန်စဉ်းစားကြည့်မှ ငါတို့ရဲ့ လက်ထပ်ခွင့်တောင်းခံမှုက အရမ်းရိုးရှင်းနေလားလို့? ငါတို့မှာ ပန်းလည်းမရှိဘူး၊ လက်စွပ်လည်း မရှိဘူး, ဒါ့အပြင် ငါက အိမ်နေရင်း ဝတ်စုံကို ဝတ်ထားတဲ့အပြင် မင်းကလည်း IV drip ကြီးနဲ့! ငါတို့ဘယ်လိုလုပ် ပြီးပြည့်စုံတဲ့ အမှတ်တရလေးကို ချန်ရစ်ထားလို့ ရတော့မှာလဲ? ဒါက ငါတို့ရဲ့ အတိတ်မှာ အမှောင်မိုက်ဆုံး အခိုက်အတန့်လေးလို့ သတ်မှတ်သင့်ပြီ"

(Completed) Reborn as a good childWhere stories live. Discover now