Chapter《144》

9K 1.3K 30
                                    

Unicode

အခန်း(၁၄၄) - မွေးနေ့ပွဲ

ရိဟန်က ဒီတစ်ခေါက်မှာတော့ ကျင်းယွမ်၏ လက်ကို မရှောင်ခဲ့ပေ။ သို့သော်လည်း သူ့ဘက်က ပြန်လည်လှုပ်ရှားခြင်းလည်း မရှိခဲ့။ သူ့လက်ကောက်ဝတ်က ကျင်းယွမ်ရဲ့ ဆုပ်ကိုင်မှုအောက်မှာ ဒီအတိုင်းလေးသာ ရှိနေသည်။

အတွင်းစိတ် အနက်ရှိုင်းဆုံး တစ်နေရာမှာတော့ ကျင်းယွမ်က သူ့ကိုယ်သူ လှောင်ပြောင် ရှုံ့ချမိသည်။ သူဘယ်တုန်းက ဒီလိုမျိုးကိုယ်ပိုင် ခံစားချက်ထဲမှာ နစ်မွမ်းပြီး ဘာမဟုတ်တဲ့ကိစ္စလေးကို လိုက်ခံစားနေတတ်တဲ့ မိန်းကလေးတစ်ယောက်လို ဖြစ်လာရတာလဲ? ဟန်ဟန်က သူ့ကိုချစ်တယ်။ သူဒါကို ဟိုးတုန်းကတည်းက အတည်ပြုပြီးသား မဟုတ်ဘူးလား? ဒါနဲ့ ပတ်သတ်ပြီး ဘာမှ စိတ်မသက်မသာ ဖြစ်စရာ မရှိဘူး။ ဒါက သူ့ဟန်ဟန်လေ။ သူတို့က မကြာခင် လက်ထပ်တော့မှာပဲ

မင်္ဂလာဆောင်တဲ့ ကိစ္စကို တွေးမိတဲ့အခါ ကျင်းယွမ်ရဲ့ မျက်လုံးများ မှောင်မိုက်သွားရသည်။ သူ့ဟန်ဟန်က သူ့ကို ဒီလောက်မြန်မြန်ကြီး လက်မထပ်ချင်သေးဘူး။ ဟန်ဟန်ပြောတာတော့ သူက အရမ်းငယ်သေးလို့တဲ့။ သူတို့တွေ ဒီလောက်မြန်မြန်ကြီး လက်ထပ်စရာ မလိုဘူးတဲ့။ သူတို့က အခုဆို အတူတူ ရှိနေပြီး ပိုင်မိသားစုရဲ့ အသိအမှတ်ပြုပြီးသားလည်း ရပြီးသားလေ။ မင်္ဂလာဆောင်တယ် ဆိုတာက ဘာမှပြောင်းလဲမှာမှ မဟုတ်တာကို ဘာလို့  ဒီလိုစာရွက် အပိုင်းအစလေးကို စွဲလမ်းနေမိတာလဲ?

ဟန်ဟန်က လူငယ်လေးပဲ ရှိသေးတာ။ ဒီလောက် အစောကြီး လက်ထပ်ခြင်းဆိုတဲ့ အချုပ်အနှောင်ကို မခံချင်တာက နားလည်လို့ရပါတယ်။ ဒါပေမဲ့ ကျင်းယွမ်ကတော့ သူ့ရဲ့ propose ကျရှုံးသွားရခြင်းအပေါ် အတော်လေး စိတ်ပျက်မိဆဲပဲ။သူ့ဆုပ်ကိုင်ထားတဲ့ ချောမွေနေတဲ့ အသားအရည်က ခံစားချက်ကို သူ သဘောကျတယ်။ သူ ပိုစိတ်ရှည်သင့်တာပေါ့။ ဟန်ဟန်ကို အချိန်နည်းနည်းပေးသင့်တယ်။ဟန်ဟန်အဝ ပျော်ပြီးမှ လက်ထပ်လည်း နောက်မကျသေးပါဘူး။ သူတို့တွေ အနှေးနှင့်အမြန် လက်ထပ်ကြမှာပဲဟာ။

(Completed) Reborn as a good childWhere stories live. Discover now