Chapter《24 and 25》

18.4K 2.6K 200
                                    

Unicode

အခန်း(24) - ဘာတွေမှားခဲ့လဲ

မုကျင်းယွမ်က မျက်မှောင်ကျုံ့သည်။

"ဘယ်လောက်ပဲ နင့်မှာ လုပ်နိုင်စွမ်းရှိပါစေ နင်က မိန်းကလေး တစ်ယောက်ပဲ ဖြစ်နေသေးတယ်, အများကြီး သောက်တာ မကောင်းဘူး, အိမ်ပြန်တော့, ဟန်ဟန်ကို စိတ်ပူရအောင် မလုပ်နဲ့"

ပိုင်ရွယ်ချင်းကပြုံးသည်။

"နင်ငါ့ကိုသိလာတာ တစ်ရက်တည်း ရှိသေးတာ မို့လို့လား? ငါအယ်ကိုဟော ဘယ်လောက်ထိ ခံနိုင်ရည်ရှိလဲ နင်သိနေတာပဲ မဟုတ်ဘူးလား? နင်ငါ့ရဲ့ အကျင့်စရိုက်ကိုလည်းသိတယ်လေ, ဟုတ်တယ်ဟုတ်? ငါကဒီကိုရောက်နေပြီ အဲ့ဒါကို နင့်ကိုတစ်ယောက်တည်း လွှတ်ထားပြီး ငိုင်တိုင်တိုင်နဲ့ အထီးကျန်နေအောင် ထားခဲ့မယ် ထင်နေတာလား?"

"နင်ကမမလေးပဲ, နင်ပြောသလိုပဲပေါ့" ကျင်းယွမ်က ကူကယ်ရာမဲ့နေတဲ့ လေသံနဲ့ ပြန်ပြောသည်။

"ဒါကမှ ဟုတ်ဦးမယ်" ရွှယ်ချင်းကလည်း ထောက်ခံသည်။

နှစ်သောက်သား သောက်လိုက် စကားပြောလိုက် လုပ်နေရင်း တစ်ဖြည်းဖြည်းဖြင့် အရာအားလုံးက မှုန်ဝါးဝါးသာ မြင်ရတော့သည်။ ရွယ်ချင်းကတော့ အဆင်ပြေပေမယ့် ကျင်းယွမ်ကတော့ အရက်သောက်ရင်း အသည်းကွဲမှုကို နစ်မြှုပ်နေတာဖြစ်သည်။ သူက အနည်းငယ် မူးလာလေပြီ။

သူက ဆိုဖာပေါ်မှာ တစ်ဝက်မှီလှဲချလိုက်ပြီး သူ့မျက်လုံးအား လက်မောင်းတစ်ဖက်ဖြင့် အုပ်ထားလိုက်သည်။ ရှားရှားပါးပါး အားနည်းချက်က သူ့မျက်နှာပေါ်မှာ ဖြစ်ပေါ်လာ၏။

ရွှယ်ချင်းက မျက်တောင်ခတ်လိုက်ပြီး နောက်တစ်ခေါက် ထပ်မေးသည်။

"ကျင်းယွမ်, ငါမှတ်မိသလောက်ကတော့ နင်မလုပ်နိုင်တဲ့ အရာ ဘာမှ မရှိပါဘူး, တကယ်ပဲ ဘယ်အရာက နင့်ကို ဝမ်းနည်းစေတာလဲ?"

ကျင်းယွမ်က သူ့လက်မောင်းကို ဖယ်ရှားလိုက်ပြီး သူမကို မျက်တောင်ခတ်ကြည့်သည်။

"ဖြေရှင်းလို့ မရတဲ့ အရာပေါ့" သူက ပြန်ဖြေလိုက်ပြီး ခါးသက်နေတဲ့ အပြုံးကို ပြုံးပြလာ၏။

(Completed) Reborn as a good childWhere stories live. Discover now