Chapter《210》

6.1K 949 20
                                    

Unicode

အခန်း(၂၁၀) - ယန်မြောင်ရဲ့ လွတ်မြောက်မှု

"လုမိသားစုက ခင်ဗျားတို့ မိသားစုဝင်တွေရဲ့ အလုပ်ကြိုးစားမှုကြောင့် အောင်မြင်လာခဲ့တာပါ" မုကျင်းယွမ်က ပြန်ပြောလာသည်။

"ကျေးဇူးတင်စရာ မလိုပါဘူး။"

"မဟုတ်ဘူး၊ မဟုတ်ဘူး" လုဖုန်းယွီက ခေါင်းယမ်းရင်းပြောသည်။

"Mr မု၊ ခင်ဗျားက ကျွန်တော်တို့ကို အခွင့်အရေးပေးခဲ့တာပါ။ အဲဒါကြောင့် အလုပ်ကြိုးစားဖို့ နေရာရှိသွားရတာ။ ကျွန်တော်တို့အတွက် ကျေးဇူးတင်တယ်ပြောဖို့တောင် နည်းနည်းနောက်ကျနေသေးတယ်။"

***

ထိုညနှောင်းပိုင်းတွင် ဖုန်းယွီ၏အိမ်တွင် အောက်ပါအသံများကိုကြားလိုက်ရသည်။

"တော်လောက်ပြီ!" ကျူရွှင်းအသံ ထွက်လာသည်။

"မလွန်လာနဲ့!"

"အင်း...လုပ်မှာပဲ မင်းဘာလုပ်နိုင်မှာ မို့လို့လဲ?" ဖုန်းယွီက ပြန်ပြောသည်။

ခဏတာ တိတ်ဆိတ်ပြီးနောက်မှာ ကျူရွှင်းပြောလာသည်အား ကြားရ၏။

"အိုး, လုပ်လေ လုပ်ပေါ့။ ငါမင်းကို ဘာလုပ်နိုင်မှာမို့လို့လဲ? အာဟာ့! အရူးကောင်! မင်းဘယ်တော့ ရပ်မှာလဲ? ထပ်ပြီးလား.....အာ, ဖြေးဖြေးလုပ်လို့....."

"ငါ့ကို အရှိန်လျှော့ခိုင်းဖို့ အဆင်ပြေတယ်လို့ မင်းက ဘာလို့ ထင်ရတာလဲ?" ဖုန်းယွီရဲ့ အသံက ခပ်ပြင်းပြင်း အသက်ရှုသံများ ကြားမှ ပေါ်လာသည်။

"မနေ့ညက ငါ့ကို ညှင်းပန်းနှိပ်စက်ထားတာကို မှတ်မိလား? ငါမင်းကို တောင်းပန်နေတာတောင် မင်း တင်းခံနေတယ်လေ။ ငါမင်းကို နောင်တရအောင် လုပ်ပစ်မှာ!"

"ငါဒီနေ့ မင်းကို အထဲဝင်ခွင့် မပေးခဲ့သင့်ဘူး!" ကျူရွှင်းက ပြန်ပြောလာသည်။

"နောင်တရဖို့ အရမ်းနောက်ကျသွားပြီ!"

"..."

***

စေ့စပ်ပွဲ ပြီးလို့ လူတိုင်း ထိုအကြောင်း ပြောနေကြတဲ့ အချိန်မှာပဲ နောက်ထပ် ပေါက်ကွဲသံ တစ်ခုက မြို့ထဲမှာ ထွက်ပေါ်လာပြန်သည်။

(Completed) Reborn as a good childWhere stories live. Discover now