Chapter《175》

6.8K 1.1K 57
                                    

Unicode
အခန်း(၁၇၅) - ဘာဖြစ်ခဲ့တာလဲ?

နောက်ဆုံးတော့ ရိဟန်နဲ့ ကျင်းယွမ်တို့ လူအုပ်ထဲက တိုးထွက်လို့ ရသွားတဲ့အချိန်မှာ ယိုရန်က ဆိုဖာပေါ်တွင် ဘေးတစ်စောင်းလဲလျောင်းနေကာ နီရဲနေသည့် မျက်နှာနဲ့ အိပ်ပျော်နေလေပြီ။ ယန်ဖေးနဲ့ ယန်ရန်တို့က သူ့ဘေးမှာ ထိုင်နေကြ၏။ သူတို့ကို ကြည့်ရတာ သိပ်ပျော်နေပုံမပေါ်ပေ။

ရိဟန်က ယန်ရန်ကို တစ်ချက်ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

"သူအဲ့ဒီလူကို မြင်သွားလို့လား?"

ယန်ရန်က ဒေါသထွက်နေဆဲ မျက်နှာနဲ့ ခေါင်းညိတ်ပြသည်။ ရိဟန်က သက်ပြင်းချမိလေသည်။

"သူ့ကို အမှန်တရား နားလည်အောင် လုပ်ပေးမှသာ သူ့ကိုယ်သူ ပိုပြီးကောင်းကောင်း ကာကွယ်နိုင်မှာ" ကျင်းယွမ်က နူးညံ့စွာသာ ဝင်ပြောလာသည်။

"နာကျင်မှုကတော့ ရှောင်လွှဲလို့ မရဘူးလေ"

ယန်ရန်က ယိုရန်အား လှည့်ကြည့်လိုက်သည်

"သူနာကျင်ရတာ ဒါနောက်ဆုံး အကြိမ်ဖြစ်ဖို့ မျှော်လင့်မိတယ်"

အခုချိန်ကစပြီး သူ့ကို ငါပဲ ကာကွယ်ပေးမယ်

ယန်ဖေးက ယန်ရန်အား တစ်ချက်ကြည့်လိုက်ပြီးနောက် ယိုရန်အား ပြန်လှည့်ကြသည် သူမက စကားပြောတော့မလိုမျိုး ပါးစပ်ဟလိုက်သော်လည်း အဆုံးမှာတော့ ဘာမှမပြောလာပေ။

ဟဲယွမ်ကတော့ တစ်စုံတစ်ယောက်နဲ့ စကားပြောနေရင်း သူ့မျက်လုံးများက ဘေးတစ်ဖက်နေရာသို့ အာရုံပျက်ပြားစွာနဲ့ လှည့်လှည့်ကြည့်နေသည်။ ထိုအကြည့်က ယိုရန်ရှိရာသို့ ဦးတည်နေ၏။ ထိုသူ့ကို မြင်တဲ့အချိန်မှာ သူအရမ်း အံ့အားသင့်သွားမိတာကြောင့် ဝိုက်ခွက်ပင် လွတ်ကျလုမတတ်ပင်။ ယန်မြောင်သည်လည်း သူ့ကို မကျေမနပ် လှမ်းကြည့်လာသည်။ သူက ကမန်းကတန်းနဲ့ သူမကို စတင်ချော့မော့ရတော့တာပေါ့။ ကံကောင်းစွာနဲ့ သူမက စိတ်ငြိမ်အောင်လုပ်ဖို့ လွယ်ကူလှတယ်။ စကားလုံးအနည်းငယ်နဲ့တင် သူမကို ချော့မော့လို့ ရနေတာ။

ဟဲယွမ်က ထိုထောင့်နေရာသို့ နောက်တစ်ခေါက် လှည့်ကြည့်မိပြန်သည်။ စိတ်ထဲမှာ သံသယများနဲ့ သူ့စိတ်က တုန်ယင်နေမိသည်ပင်။ ယိုရန်က ဘယ်တုန်းကများ ရိဟန်ရယ် ကျန်တဲ့သူတွေရယ်နဲ့ သူငယ်ချင်း ဖြစ်သွားခဲ့တာလဲ? သူက ဘာမှမဟုတ်တဲ့ စာရေးဆရာငယ်လေး တစ်ယောက်ပဲလေ။ အဲ့ဒါကို ဖိတ်ကြားခံရ ရုံတင်မကပဲ ပိုင်ရိဟန်နဲ့ မုကျင်းယွမ်တို့ကိုပါ သူ့ဘေးမှာ နေနိုင်အောင် လုပ်နိုင်နေတယ်!

(Completed) Reborn as a good childWhere stories live. Discover now