Unicode
အခန်း(၁၉၆) - အဲဒါနဲ့ ပတ်သက်ပြီး ပြောစရာရှိလို့လား
"သူမကို ခွင့်လွှတ်ပေးလိုက်ပါ Mr မု" ယန်ရန်က ဝင်ပြောလာသည်။
"ငါ့အဒေါ်ရဲ့ အကြားအာရုံက အခုတစ်လော ပျက်စီးနေလို့။ ခုနက ယိုရန် နှုတ်ဆက်တုန်းကလည်း မကြားဘူးလေ"
ယန်မြောင်သည် ဒေါသထွက်ရလွန်းလို့ သူမရဲ့ အဆုတ်တစ်ခုလုံး ပေါက်ထွက်တော့မတတ် ခံစားနေရသည်။
ဘာလို့ လူတိုင်းက သူမကိုပဲ ဆန့်ကျင်နေကြတာလဲ? သူမ လုပ်တာက ပိုင်ရိဟန် ပြောတာကို မတုန့်ပြန်ရုံလေးပဲကို။ ဒါက ကပ်ကပ်သပ်သပ် လုပ်နေဖို့ ထိုက်တန်တဲ့ အရာမို့လို့လား? ပိုင်ရိဟန်က ပိုင်မိသားစုရဲ့ အငယ်ဆုံးသား အဆင့်ပဲ ရှိတာလေ။ သူ့မှာ တကယ့် အာဏာလည်း မရှိဘူး။ ယန်မြောင်က ငယ်ပေမယ့်လည်း အကြီးပိုင်း မျိုးဆက်ကပဲဟာ။ အကယ်၍ အဆင့်တွေကိုသာ တင်းတင်းကြပ်ကြပ် လိုက်နာမယ်ဆိုရင် အဲ့ဒီလူငယ်လေးက သူမကို 'ဒေါ်လေး' လို့တောင်ခေါ်ရလိမ့်မယ်! အဲ့ဒါကိုပဲ သူနှုတ်ဆက်တာကို မတုန့်ပြန်တာ ဘာများဖြစ်သွားလို့လဲ? ဒါက အရမ်းကို မိုက်မဲပြီး စိတ်လှုပ်ရှားစရာလည်း မရှိဘူး!
သို့ပေမယ့် သူမရဲ့ တုန့်ပြန်မှုအပေါ် ကပ်သပ်နေတဲ့လူက ပိုင်ရိဟန် မဟုတ်ခဲ့ဘူး။ အဲဒါက မုကျင်းယွမ် ဖြစ်နေတယ်။ သူမ ဘာများ လုပ်နိုင်မှာလဲ? သူမအနေနဲ့ ယန်ရန်ဆီက မေးခွန်းထုတ်ခံလိုက်ရတဲ့ အရှက်ရမှုတွေကို မျိုချယုံပဲ ရှိတော့တာပဲ။ လူတိုင်းပြောနေကြသလိုပဲ ပိုင်ရိဟန်ရဲ့ ဆံချည်တစ်မျှင်ကိုတောင် ထိလို့ မရဘူး။ သူမက အဲ့ဒီလူရဲ့ ဆံပင်ကိုတောင် ထိသေးတာ မဟုတ်ဘူး! သူတို့ဖြစ်နေတာကို ကြည့်စမ်းပါဦး!
သူမ သိပါတယ်။ ပိုင်မိသားစုရဲ့ သခင်လေး တစ်ယောက်အနေနဲ့ ပိုင်ရိဟန်က သူလိုချင်တဲ့ အရာမှန်သမျှကိုရနိုင်တယ်။ သူလိုလူမျိုးက တစ်ခြားယောကျာ်းတစ်ယောက်အောက်မှာ ရိုရိုကျိုးကျိုးနဲ့ လှဲပေးချင်တဲ့ စိတ်ဆန္ဒ ရှိမှာမဟုတ်ဘူး။ အဲ့ဒါကြောင့်ပေါ့။ ပိုင်ရိဟန်နဲ့ မုကျင်းယွမ်ရဲ့ ဆက်ဆံရေးကြောင့်သာ မဟုတ်ဘူးဆိုရင် ပိုင်မိသားစုက ဘယ်လိုများ မုကျင်းယွမ်ကို သူတို့နဲ့ ခိုင်ခိုင်မြဲမြဲ မိတ်ဖွဲ့ထားနိုင်မှာလဲ?
YOU ARE READING
(Completed) Reborn as a good child
Romanceအသုံးမကျပဲဆိုးသွမ်းသည့်ကလေးတစ်ယောက်အနေဖြင့်နောက်ဆုံးတွင်ပိုင်ရိဟန်ကသူ့မိသားစုကိုအဆုံးသတ်စေခဲ့သည်။ ပြန်လည်မွေးဖွားပြီးနောက်သူသည်မိမိကိုယ်ကိုသန့်ရှင်းအောင်လုပ်ရန်နှင့်ကလေးကောင်းတစ်ယောက်ဖြစ်ရန်ကြိုးစားအားထုတ်ဖို့ဆုံးဖြတ်ခဲ့သည်။ သို့သော်အရာများစွာကသူမှေ...