Chapter《14 and 15》

19.2K 2.8K 62
                                    

Unicode

အခန်း(၁၄) - သခင်လေးကပြောင်းလဲသွားပြီ

ရိဟန်သည် သူ့ရဲ့ မျက်ရည်ဝိုင်းနေသည့် မျက်လုံးတွေကို သူ့မိသားစု မြင်သွားမှာ စိုးတာကြောင့် ခေါင်းကိုငုံ့လိုက်ပြီး သူ့ရှေ့က အစားအသောက်များကိုသာ ကြိုးကြိုးစားစား, စားသောက်နေတော့သည်။

အရမ်းထူးဆန်းတယ်... အရင်ဘဝမှာတုန်းကဆိုရင် သူ့မိသားစုဆီကနေ သူဒီလိုမျိုး အလိုလိုက်ခံခဲ့ ရတာတောင် မိသားစုက ပျက်စီး ယိုယွင်းသွားပြီးတဲ့ နောက်မှာ သူ့ရဲ့အငိုသန်တဲ့ အကျင့်ကို လုံးဝ ဖျောက်ဖျက်နိုင်ခဲ့တာ... သူသေဆုံးတဲ့ နေ့တုန်းကတောင် နောက်တစ်ကြိမ် ထပ်မငိုခဲ့ဘူး... အဲ့ဒါကိုဘာဖြစ်လို့ ဒီကိုပြန်လာနိုင်တဲ့ အချိန်မှာ အငိုသန်ပြန်ဖြစ်သွားရတာပါလိမ့်?

သူ့မျက်နှာကို အစားအသောက်ထဲ မြှုပ်ထားသည်အား ကြည့်ပြီး အမေက စိုးရိမ်တကြီး ပြောလာသည်။

"ဟန်ဟန်.. ဘာလို့ပန်းကန်ထဲက အစားအသောက်တွေကိုပဲ စားနေတာလဲ? အရွက်တစ်ချို့လောက် ထပ်ယူပါလား?"

ပိုင်ရိဟန်: "..."

သူ့ပန်းကန်ထဲက အစားအသောက်တွေ အကုန်လုံး အစာကြေနိုင်ဖို့တောင် အရမ်းကို ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေပြီကို.. နောက်ထပ်အရွက်တွေလား? သူတို့ကို ဘယ်ထဲ သွားထည့်ရမှာလဲ?

"ကလေးစားနေတယ်လေ မနှောင့်ယှက်နဲ့... သူစားချင်တာစားပါစေ" ဖူရဲန်ကသူ့ဇနီးသည်ကိုပြောသည်။

အမေကအပြုံးနဲ့ လက်ခံပြီး ခေါင်းညိတ်လေသည်။

နောက်ထပ်တစ်ပွဲ စားပြီးနောက်မှာလည်း ရိဟန်က ထပ်ပြီး ထိုးသွပ်နေရသေးသည်။ ဒီတစ်ခေါက် စားပြီးတာနဲ့တင် သူဝတုတ်သွားမလား ဆိုပြီးတောင် အလေးအနက် မေးခွန်းထုတ်မိလာသည် အထိပင်။

"စားတာများသွားပြီလား? ညဘက်က အများကြီးစားမိရင် သိပ်မကောင်းဘူး... လာ,လမ်းသွားလျှောက်ကြရအောင်... အစာမြန်မြန်ကြေတာပေါ့"

ပိုင်ယန်ကပြောလာသည်။ သူကပြုံးရင်းဖြင့်ပင် ရိဟန်ရဲ့ ခေါင်းလေးကို ပုတ်ပေးလိုက်သေး၏။

(Completed) Reborn as a good childWhere stories live. Discover now