Chapter《127》

10.7K 1.6K 50
                                    

Unicode

အခန်း(၁၂၇) - သက်ဝင်လှုပ်ရှားတဲ့ နေ့ရက်လေး

ရိဟန်ရဲ့ ပုခုံးပေါ် ပုတ်လိုက်တဲ့ ချင်ဖုန်းရဲ့ ရိုက်ချက်က ရိဟန်အား အသက်ရှုမှားလုနီးပါး ဖြစ်သွားစေသည်။ ဖန်းရီက အနားကိုလျှောက်လာပြီး ချင်ဖုန်းရဲ့ ကျောအား တတ်နိုင်သမျှ ပြင်းပြင်းလေး ရိုက်ထည့်လိုက်၏။

"သိပ်မပြင်းနဲ့လေ!" ဖန်းရီက ဆူသည်။

"သူကမင်းလို ကြမ်းကြမ်းတမ်းတမ်းများ မှတ်နေလား? မင်းက လမ်းဘေးလူမိုက်နော်, ဘာလို့ရိဟန်က မင်းကို လိုအပ်ရမှာလဲ? ရန်ဖြစ်တဲ့နေရာမှာ ကူညီဖို့လား?"

"ဖန်းလေး" ချင်ဖုန်းက ညည်းသည်။

"မင်းငါ့ကို သိက္ခာနည်းနည်းပါးပါး ချန်ထားလို့မရဘူးလား?"

ဖန်းရီက ထိုသူအား မျက်စောင်းထိုးကြည့်လိုက်ပြီး ဆက်တိတ်ဆိတ်နေသည်။

ရိဟန်က နောက်ဆုံးတော့ အသက်ပြန်ရှုနိုင်သွားလေပြီ။

"ကားထဲဝင်ကြရအောင်" သူက ရယ်ချင်တာကို အောင့်ထားပြီး ဝင်ပြောလိုက်သည်။

ပိုင်မိသားစုအိမ်ကနေ ကားထွက်လာပြီး သိပ်မကြာခင်မှာပင် ရိဟန်သည် ယန်ဖေးဆီက ဖုန်းရလေသည်။ သူမက သူမနဲ့အတူ အပြင်ထွက်ကစားရန်အတွက် စကားတစ်ပြောပြောနဲ့ တောင်းဆိုနေတာပင်။ သူ့လုံခြုံရေးအတွက် သူမက သက်တော်စောင့် ခေါ်လာပေးပါ့မယ်ဟုတောင် ပြောလာသည်။

ရိဟန်အနေနဲ့ သူဒီနေ့လုပ်စရာ အစီအစဉ် ရှိနေကြောင်းသာ တုန့်ပြန်နိုင်တော့သည်။

"ဒါဆို အတူတူသွားရအောင်!" 

ယန်ဖေးက စိတ်အားထက်သန်စွာဖြင့် ထအော်သည်။

"သွားကြမယ်လေ! ငါနင့်ကို အကြံဉာဏ်ပေးနိုင်တယ်, ငါက အရမ်းကို အမြင်ရှိတာနော်!"

ရိဟန်က ဖန်းရီကို တစ်ချက်ကြည့်လိုက်သည်။ ထိုအကြည့်ကိုမြင်သော ဖန်းရီက အဖော်ထပ်ပါလည်း ကိစ္စမရှိကြောင်း ပုခုံးသာတွန့်ပြ၏။ ရိဟန်က ပြန်ဖြေလိုက်သည်။

"ငါတို့ Wen Fang က ဈေးဝယ်စင်တာမှာ တွေ့ကြရင်ရော?"

"ကောင်းပြီ" ယန်ဖေးက စိတ်လှုပ်ရှားစွာ ပြန်ဖြေသည်။

(Completed) Reborn as a good childWhere stories live. Discover now