Chapter《10 and 11》

19.8K 2.7K 85
                                    

Unicode

အခန်း(၁၀)  ငါတို့သားလေးရင့်ကျက်လာပြီ

အတော်လေး ကြာမှသာ အမေက လှုပ်ရှားလာသည်။ သူမကဆိုဖာရှိရာသို့ ဖြေးညှင်းစွာသွားလိုက်ပြီး ထိုင်ချလိုက်၏။ ပျော်ရွှင်မှုကြောင့်ကျတဲ့ မျက်ရည်များက သူမရဲ့ပါးပြင်ပေါ်သို့ တစ်လှိမ့်လှိမ့် စီးကျလာသည်။

အမြဲတမ်းနှလုံးသားမဲ့ပြီး စဉ်းစားဆင်ခြင်မှု သိပ်မရှိတဲ့ သူမရဲ့သားထွေးလေးက သူမကို ချစ်တယ်လို့ ပြောလိုက်တယ်!

အိမ်မက်မက်နေတာများလား?

သူမကအလွန်ကို စိတ်လှုပ်ရှားသွားပြီး ပျော်ရွှင်နေမိတာကြောင့် အဖေပြန်လာသည်အထိ ထိုပုံစံ ထိုအခြေအနေနဲ့သာ ဆက်ထိုင်နေမိသည်။ ပျော်ရွှင်မှုသည်လည်း တစ်ဖြည်းဖြည်း ပျောက်ကွယ်သွားရမယ့်အစား ဆက်၍သာတိုးတက်လာနေလေတယ်!

ပိုင်ဖုရဲန်က အိမ်ကိုရောက်ရောက်ချင်းပဲ သူ့ဇနီးသည်က ဧည့်ခန်းထဲမှာ ဖော်ပြလို့မရတဲ့ အမူအယာနဲ့ထိုင်နေပြီး သူမရဲ့ မျက်လုံးထောင့်စွန်းမှာလည်း မျက်ရည်လက်ကျန် အစွန်အဖျားလေး ရှိနေတာကိုမြင်လိုက်ရသည်။

"...!"

ဇနီးသည်ရဲ့ အရည်အချင်းပြည့်ဝလှတဲ့ အစေခံလေး တစ်ယောက်အနေနဲ့ သူကချက်ချင်းပင် သူ့အိတ်ကိုပစ်ချပြီး သူ့ဇနီးသည်လေးဆီသို့ အပြေးသွားကာ ထိုင်ချလိုက်လေသည်။ ဂရုတစိုက်နဲ့ သူ့ဇနီးလေးအား သူ့လက်မောင်းထဲ ဆွဲသွင်း၍ ခပ်တိုးတိုးမေးလိုက်သည်။

"ရှောင်းရန်...ဘာဖြစ်လို့လဲ? ငိုနေတာလား? ရိဟန်က ထပ်ဆိုးပြန်ပြီလား? သူ့ကြောင့်ဝမ်းနည်းနေတာလား? ကိုယ်သူ့ကို မင်းအတွက် သွားဆူပေးမယ်!"

သံမဏီခဲရောင် အနောက်တိုင်းဝတ်စုံဖြင့် ဖုဲရန်က အသက်အရွယ်ရလာပြီ ဆိုသော်လည်း သူ့ပုံသဏ္ဍာန်အား ကောင်းစွာ ထိန်းသိမ်းထားနိုင်သည်။ သူ့မျက်နှာက သူ့အသက်အရွယ်ကို တစ်လက်မပင် မပြသနိုင်ပဲ သူ့ဆံပင်များသည်လည်း သေချာစွာပုံသွင်းထားသည်။

သူ့နှာတံပေါ်မှာလည်း ရွှေကိုင်း မျက်မှန်တစ်လက် တပ်ထားကာ သူ့ပတ်ဝန်းကျင်လေထုကို သာမာန်မဟုတ်တဲ့ ချောမောခန့်ညားမှုများနဲ့ လွှမ်းခြုံထားသည်။ သူ့ပုံစံက စီးပွားရေးသမား တစ်ယောက်အစား စာပေသမားတစ်ယောက် သို့မဟုတ် ပညာရှင်တစ်ယောက်နဲ့သာ တူနေသည်။

(Completed) Reborn as a good childTempat cerita menjadi hidup. Temukan sekarang