Chapter《183》

7.3K 1.1K 11
                                    

Unicode

အခန်း(၁၈၃) - အဖေမလိုဘူး

[မုမုရဲ့ဟန်ဟန် : အဟမ်း, ဟုတ်ပြီ ကိစ္စကို ပြန်သွားရအောင်, နန့်ရှန်က ငါတို့ကိုတော့ မလိုအပ်ပါဘူးလို့ ပြောနေပေမယ့် သူ့နှလုံးသားထဲမှာတော့ သူ့အဖေကို တောင့်တနေလောက်တယ်, ငါတို့ ချူဖုန်းမင်ရဲ့ အရေးပါမှုကို လျှော့တွက်လို့မရသလို သူ့ကို အရေးပါတယ်လို့လည်း စဉ်းစားလို့ မရဘူး ]

[ဟန်ဟန်ရဲ့မုမု : အမှန်ပဲ, နန့်ရှန်ကို သူ့အဖေအပေါ် လုံးလုံး စိတ်ပျက်အောင် လုပ်လိုက်တာဖြစ်ဖြစ် ဒါမှမဟုတ် တစ်ခြားသူကို လုပ်ခိုင်းလိုက်တာဖြစ်ဖြစ် ငါတို့လုပ်လို့ရတယ်]

[ယန်ရန် : သူ့အဖေအပေါ် စိတ်ပျက်သွားအောင် လုပ်ဖို့က လွယ်ပါတယ်, တကယ်တော့လည်း ချူဖုန်းမင်က နှလုံးသားမရှိတဲ့သူတစ်ယောက်ပဲလေ, ယိုရန်ကို အဲ့ဒီအကြောင်း နားလည်အောင် လုပ်ဖို့က မခက်ခဲဘူး, ဒါပေမဲ့ အဲ့ဒါဆိုရင် ယိုရန်ကို မထိခိုက်စေဖို့ ရှောင်ရှားတာကတော့ ခက်ခဲမှာပဲ]

[တတိယသခင်မလေးဖေး : ငါ့အစ်ကိုပြောတာ မှန်တယ်,အကောင်းဆုံးကတော့ ချီမိသားစုကို အစွန်းရောက်အောင် တန်းအားပေးပြီး ချူဖုန်းမင်ကို ကိုင်တွယ်ဖို့ ခြေလှမ်းတိုးစေတာပဲ, ငါတို့လုပ်ဖို့ လိုတာက ဒီအတိုင်း စောင့်ကြည့်နေပြီး ဝင်မကူဖို့ပဲလေ]

[မုမုရဲ့ဟန်ဟန် : ငါက အဲ့ဒီအချိန် နန့်ရှန်ရဲ့ နှလုံးသား ပျော့ပျောင်းသွားမှာပဲ စိုးတာ, အကယ်၍ သူမေးလာခဲ့ရင် ငါတို့ ဟင့်အင်းလို့ ပြောဖို့ ခက်ခဲလိမ့်မယ်]

[ယန်ရန် : စိတ်မပူပါနဲ့, သူမဖြစ်ပါဘူး, သူက မိသားစုအချစ်ကို တောင့်တနေခဲ့တာ ကြာပြီဆိုပေမယ့် အရူးတော့ မဟုတ်ဘူးလေ,ချုဖုန်းမင်က သူ့ဇနီးနဲ့ ရန်ဖြစ်တဲ့ ကိစ္စမှာ သူဝင်ပါမှာ မဟုတ်ဘူး]

[မုမုရဲ့ဟန်ဟန် : ဒါဆိုရင်တော့ အကောင်းဆုံးပေါ့]

ရိဟန်က ဖုန်းချလိုက်ပြီး မုကျင်းယွမ်ကို လှည့်ကြည့်သည်။

"ပြောကြည့်, ဘာလို့ ဒီနေ့ခေတ်မှာ လူတွေက ပိုပိုပြီး အရေထူလာကြတာလဲ? သူ့ဆီက အသံမကြားရတာ နှစ် နှစ်ဆယ် ကျော်ခဲ့ပြီပဲဟာကို, သူက နန့်ရှန်ကို သူ့သားက ပလိပ်ရောဂါသည်တစ်ယောက်လိုမျိုး ရှောင်ရှားနေခဲ့တာ, နန့်ရှန် အဆင်ပြေနေတာလည်း မြင်ရော လာလှည့်စားဖို့ လုပ်ရော, သူက ကြင်နာတတ်တဲ့ အဖေတစ်ယောက်လိုတောင် ပြုမူနေသေးတယ်"

(Completed) Reborn as a good childWhere stories live. Discover now