Chapter《135》

9.6K 1.4K 59
                                    

Unicode

အခန်း(၁၃၅) - လိုက်ပါပို့ဆောင်

တိုက်ခန်းက ရောင်းထွက်သွားပြီလား? ပိုင်ယန်က သူ့မျက်လုံးများကို အောက်နှိမ့်ချလိုက်သည်။

ကျင်းယွမ်က ရိဟန်ပြောတဲ့ စကားနောက်လိုက်ကာ ခေါင်းညိတ်ပြပြီး ပြန်ဖြေသည်။

"ဟုတ်တယ်, ကျောင်းဟွာက မင်းကို ဒီလောက်ချစ်တာ, မင်းကဘာကို ကြောက်နေတာလဲ?"

"ဒါပေမဲ့ အဲ့ဒီလိုသာဆိုရင် သူအိမ်အကြီးကြီး ဝယ်မှဖြစ်မှာ"

ရိဟန်က စိတ်ပျက်ဟန်ဖြင့် ငြီးတွားလိုက်သည်။ 

"သူ့မှာ ပိုက်ဆံမလောက်တော့မှာကို ငါကြောက်တယ်။ သူကငါ့ကို အခန်းခတောင် မပေးခိုင်းတဲ့ဟာ"

"သူကဘာလို့ အိမ်အကြီးကြီး ဝယ်ဖို့လိုမှာလဲ?" ကျင်းယွမ်က နားမလည်ဟန် မေးခွန်းထုတ်လာသည်။

"စဉ်းစားကြည့်လေ" ရိဟန်က ကျင်းယွမ်အား အရူးမေးခွန်းတွေ လာမေးနေတယ်ဆိုတဲ့ ပုံစံနဲ့ ပြန်ဖြေ၏။

"လုဖုန်းယွီက ဒီတစ်ခေါက်က ချောင်းချုန်းကို ကျောင်းကောနဲ့အတူ လိုက်သွားမယ့်ဟာ"

ကျင်းယွမ်က တကယ့်ကို နားမလည်ခြင်းသာ။

"ကျောင်းဟွာရဲ့ အိမ်က လုဖုန်းယွီနဲ့ ဘာများ ပတ်သတ်ဆက်နွယ်မှု ရှိနေလို့လဲ? သူတို့က တစ်နေရာတည်းမှာ နေကြမှာမှ မဟုတ်တာ"

ပိုင်ယန်၏ နှလုံးခုန်သံများ မြန်ဆန်သွားလေသည်။ ဆိုဖာလက်ရမ်းပေါ်က သူ့ညာဘက်လက်က သူဒူးခေါင်းပေါ် ရောက်သွားသည်။

"မင်းမေ့သွားပြီလား?" ရိဟန်က ပြန်ဖြေသည်။

"ကျောင်းဟွာ မူးနေတုန်းက လုဖုန်းယွီက သူ့ကို ကာကွယ်ပေးပြီး အချိန်ဆွဲပေးခဲ့တယ်လေ, သူ့ကြောင့်သာ ငါတို့ အချိန်ကိုက် ရောက်သွားနိုင်တာ, အဲ့ဒီလူရဲ့ ကာကွယ်မှုသာ မရှိဘူးဆိုရင် ဘာတွေဖြစ်လာမလဲ ဘယ်သူသိမှာလဲ, ကျူရွှင်းတစ်ယောက်တည်းဆို အဲ့ဒီ လူယုတ်မာတွေကို တားဆီးနိုင်မှာ မဟုတ်ဘူး, ကျူရွှင်းကလည်း အဲ့ဒီလူကြောင့်လို့ ပြောတယ်လေ, ကံကောင်းလို့ပေါ့ ငါသတိတကြီးနဲ့ လူများများပိုခေါ်သွားလို့သာပဲ, အဲ့ဒါကြောင့်သာ ငါတို့နိုင်ခဲ့တာ, သူတို့က ရှစ်ယောက်လောက်တော့ ရှိတယ်နော် ဟုတ်တယ်ဟုတ်?အရမ်း အန္တာရယ်များတယ်"

(Completed) Reborn as a good childWhere stories live. Discover now