Chapter《216》

6.3K 960 10
                                    

Unicode

အခန်း(၂၁၆) - မင်္ဂလာပွဲ

"Mrs လျှိုက တကယ်အံ့အားသင့်ဖို့ ကောင်းတယ်!" ယန်ဖေးက အပြုံးလေးနဲ့ ပြောသည်။

ကြောင်အအ ဖြစ်သည်အထိ ကြောက်လန့်နေသည့် Mrs လျှို ကတော့ အိမ်ထဲက ထွက်လာနိုင်ကတည်းက မြေပြင်ပေါ်သို့ ထိုင်ကျသွားတာဖြစ်သည်။ သူမက ထိုအချိန်ကတည်းက တစ်ရှုံ့ရှုံ့ ငိုယိုနေတာပင်။ သူမရဲ့ မျက်ရည်များကို ဘယ်လောက်ပဲ ဖယ်ရှားနေပါစေ ငိုနေတာကို မရပ်နိုင် ဖြစ်နေ၏။

ဆယ်မိနစ်ခန့် သို့မဟုတ် ထို့ထက်ပိုသော အချိန်တစ်ခုမှာ ချန်ကျင်းက သူ့လူများနဲ့အတူ ရောက်လာသည်။ လူတိုင်း အိမ်တော်အပြင်ဘက်မှာ လုံလုံခြုံခြုံ ရှိနေတာကို မြင်မှသာ စိတ်သက်သာရာရစွာ သက်ပြင်းချမိလေသည်။

"သခင်လေး ဘာဖြစ်ကုန်တာလဲ?" သူက ပိုင်ရိဟန်ဆီ လမ်းလျှောက်သွားရင်း မေးလိုက်သည်။

"ကျွန်တော်တို့ ရောက်တဲ့ အချိန်မှာ" ရိဟန်က ရှင်းပြသည်။

"ယန်မြောင်က ဓားစာခံတစ်ယောက် ခေါ်ထားပြီး ဓာတ်ငွေ့တွေ လွှတ်ထားတယ်။ သူမက သူမကိုယ်သူမ သတ်သေပြီး တစ်ခြားသူတွေကိုပါ အပါခေါ်သွားဖို့ စီစဉ်ထားတာ။ ကျေးဇူးတင်စရာ ကောင်းစွာနဲ့ ကျင်းယွမ်နဲ့ Mr လျိုတို့က အတူတူ အင်အားသုံးပြီး အခွင့်အရေးကို အမိအရယူနိင်ခဲ့လို့ အခြေအနေကို ထိန်းချုပ်နိုင်ခဲ့တယ်။ ဇာတ်လမ်းအကုန်လုံး ကတော့ အဲ့ဒါက ဦးလေးယန်ကိုပဲ မေးရမှာ"

ခေါင်းဆောင်ချန်က ခေါင်းညိတ်ပြလိုက်ပြီး ယန်မိသားစုဝင်များအား အခြေအနေကို မေးမြန်းတော့၏။

"ဖိုးဖိုးက အိမ်ထဲမှာ အဆိပ်ငွေ့တွေ အများကြီး ရှုလိုက်ရတာ" ရိဟန်က လူကြီးမင်းယန်အား စိုးရိမ်ပူပန်စွာဖြင့် ပြောသည်။

"အဲ့ဒါက ခန္တာကိုယ်အတွက် မကောင်းဘူး။ ဆေးရုံသွားပြီး ကျန်းမာရေး စစ်ဆေးမှုလုပ်တာ ပိုကောင်းလိမ့်မယ်"

"ဟုတ်တယ်, ရိဟန်ပြောတာ လုံးဝ မှန်တယ်" ယန်ချုံးက သူ့အဖေကို ပြောလာသည်။ သူ့မှာ မအားမလပ် ဖြစ်နေတာတောင် သူ့အဖေရဲ့ စကားပြောဆိုမှုကို နားထောင်ဖို့ အချိန်ရှာနေဆဲပင်။

(Completed) Reborn as a good childWhere stories live. Discover now