Chapter《169》

7.1K 1.1K 22
                                    

Unicode

အခန်း(၁၆၉)

ရိဟန်က ခပ်မတ်မတ် ထိုင်လိုက်သည်။

"ဘာဖြစ်လို့လဲ?"

ကျင်းယွမ်က ဘောပင်အား အောက်ချလိုက်ပြီး လက်များကို အတူတကွ ဆုပ်ထား၍ စားပွဲပေါ်တင်လိုက်၏။

"ကိုယ်ထင်ထားသလိုပဲ နန့်ရှန်က ဟဲယွမ်အပေါ် သံသယဝင်နေပြီ, နန့်ရှန်အိမ်ကို အဲ့ဒီလူ ရောက်သွားပြီး သိပ်မကြာခင်မှာပဲ နှစ်ယောက်သား ရန်ဖြစ်ကြတယ်, နှစ်နာရီအတွင်းမှာ ဟဲယွမ်က စိတ်တိုနေတဲ့ မျက်နှာနဲ့ တံခါးက ထွက်လာတယ်, သူက တံခါးကိုစောင့်ပိတ်ပြီး ထွက်သွားတာ, အဲ့ဒီကတည်းက နန့်ရှန်ရဲ့ လှုပ်ရှားမှုကို မတွေ့တော့ဘူး, ကိုယ်လူတွေက ဟဲယွမ်ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပေးနေတယ်, ကျေးဇူးတင်စရာကောင်းတာက သူ နန့်ရှန်အပေါ် ဘာမှ မလုပ်သေးတာပဲ, ဒီအတိုင်း သူ့ပုံမှန် အဝတ်အစား ပြန်လဲပြီး ရုံးကိုပဲ ပြန်သွားတယ်"

"သူဒီလောက် လွယ်လွယ် လွှတ်ပေးမှာ မဟုတ်ဘူး" ရိဟန်က ပြောလာသည်။

"သူက နန့်ရှန်ကို ဒီအတိုင်း ဆက်နေစေချင်လိမ့်မယ်, အဲ့ဒါကြောင့် သူ့ရဲ့ ဆိုးယုတ်မှုကို မမြင်အောင် နေနေသေးတာ"

"အဲ့ဒီလိုပဲ ဖြစ်လိမ့်မယ်" ကျင်းယွမ်က ထောက်ခံသည်။

မျက်မှောင်ကြုတ်ရင်းဖြင့်ပင် ရိဟန်က မေးလာ၏

"နန့်ရှန်က အိမ်ထဲမှာ တစ်ယောက်တည်းနော်, အထဲမှာ ဘာဖြစ်နေမလဲ လုံးဝမသိနိုင်ဘူး, ဒါက တော်တော်စိတ်ပူစရာကောင်းတယ်, ငါတို့အခု ဘာလုပ်ကြမလဲ?"

"နန့်ရှန်မှာက သူငယ်ချင်း လုံးဝမရှိဘူး" ကျင်းယွမ်က တုန့်ပြန်သည်။

"သူ့ဘေးမှာ အဖော်မရှိပဲ အတွေးတွေ ပျံ့လွင့်စေတာက သေချာပေါက် မကောင်းဘူး, ကိုယ်ကတော့ နန့်ရှန်ရဲ့ အိမ်ဘေးမှာ အဆောက်အဦးတစ်ခု ဝယ်ထားသင့်တယ်ထင်တယ်, ကိုယ်တို့ အဲ့ဒီမှာ ခဏလောက် နေလို့ရတယ်လေ, ဒါဆို သူ့ကို ဂရုစိုက်ဖို့ ပိုလွယ်ကူသွားလိမ့်မယ်, အကယ်၍ တစ်ခုခု ဖြစ်ခဲ့ရင်လည်း အချိန်ကိုက် လှုပ်ရှားပြီး ကူညီပေးလို့ရတာပေါ့, အနည်းဆုံးတော့ သူ့ဆီကို ဘယ်သူမှ ကြမ်းကြမ်းတမ်းတမ်း မလာကြတော့ဘူးပေါ့, မင်းတာဝန်က သူနဲ့နီးစပ်အောင်နေ၊ အကြံဉာဏ်တွေပေးပြီး သူငယ်ချင်းဖြစ်အောင် လုပ်ဖို့ပဲ,ဒါပေမဲ့ အခြေအနေကတော့ အတူတူပဲနော် မင်းနဲ့ ပတ်သတ်တဲ့ မသင့်တော်တဲ့ အတွေးတွေတော့ လုံးဝမတွေးမိစေနဲ့, မဟုတ်လို့ကတော့...."

(Completed) Reborn as a good childWhere stories live. Discover now