Introduction

5.5K 183 25
                                    

Unicode

" ထမုံ....မင်းမိုက်လွန်းတယ်ကွာ  မင်းဦးနှောက်မရှိဘူးလား ငါကွာ.... တကယ် ငါမင်းကို စမုံတုံးချင်နေပြီ "

                          (နယုန်မိုးမြင့်)

"နယုန်.... ငါမှားသွားပါတယ် မှားမှန်းသိပါတယ် မင်း ငါ့ကိုသနားရင်ပေးပါကွာ...  ငါတောင်းပန်ပါတယ်...ခုလည်းငါကိုထပ်ပြီး ထားမသွားပါနဲ့တော့ကွာ"

                             (ထမုံ)

ဘဝပေးအခြေအနေတွေ မတူသည့် ကောင်လေးနှစ်ယောက်ကို ကံကြမ္မာ၏‌ရေစက်ကြောင့် ဆုံစည်းဖို့ ခွင့်ပြုလိုက်သောအခါ....

အိမ်ထောင်ပြုသည်ဆိုသည့်နေရာမှာ ကာယကံရှင်နှစ်ဦးတည်းပေါင်းခြင်း မဟုတ်ဘဲ မိသားစုနှစ်စု အမျိုးအဆွေတို့နှင့်ပါ လာပေါင်းစည်းရတာပါ။ထို့ကြောင့် နောက်ဆက် တွဲအရာများက သေချာပေါက် ကပ်ပါလာဦးမှာမလွဲပေ။

အိမ်ထောင်ပြုရတာ လွယ်သော်လည်း ဤအိမ်ထောင်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းရတာ အင်မတန်ခက်ပါသည်။

သင်ဟာလမ်းမှာတွေ့သည့် လူစိမ်းတစ်ယောက်နှင့် မျက်လုံးချင်းဆုံဖို့  ထိုလူသည်သင်နှင့်လွန်ခဲ့‌သောနှစ် ၂၀ခန့်‌လောက် ရှေးရေစက်ရှိခဲ့ရမည်လို့ ကြားဖူးသည်။

သင်နှင့်အတူနေသည့် လူများ၊မိသားစုများဆိုလျှင်တော့ မည်သို့ပြောကောင်းလေမလဲ။နှစ်ပေါင်းရာနှင့်ချီကို ရေစက်ရှိမှာ အမှန်ပဲ။

သို့ပေမဲ့ ကောင်းသော ရေစက်လား
ဆိုးသောရေစက်လားဆိုသည်ကတော့ မည်သူမှ မမြင်နိုင်၊မသိနိုင်ပါ။

ရေစက်ဆိုးများကိုတော့ မတွေ့လိုပါ မိတ်ဆွေ။သင်ကရော ?????

သို့သော်ငြားလည်း တစ်ခါတစ်လေမှာ ကျတော်တို့သည် ရေစက်ဆိုးများနှင့်လည်း ပျော်မွေ့နေတတ်ပါသည်။သို့မဟုတ် ဤဘဝမှာ အကြွေးကြေအောင်ဆပ်မည်ဆိုပြီး တွေးထားကြလို့ နေနိုင်တာလည်း ဖြစ်နိုင်ပေသည်။

ချစ်ခြင်းမုန်းခြင်း ကင်းမဲ့ဇုန်မှာ နေထိုင်ချင်သော်လည်း  ဪ... ပုထုဇဉ်တွေမလား။နိဗ္ဗာန်မရသေးခင်မှာ သံသရာမှာကျင်လည်ကြဦးမှာ။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now