Part 21(U)

972 92 30
                                    

မိမိက ရေမိုးချိုးအဝတ်အစားပြန်လဲခြင်းကိစ္စ
ထမုံ့ထက် အရင်ပြီးသွားသည်။မုံကြီးက ခေါင်း လျှော်ပြီး သူ့ဆံပင်ကို သနေလို့ကြာသွားတာ။

ဒီနေ့တော့ နှစ်ယောက်တည်းအရင်ထမင်းစားဖို့ ပြင်နေမိသည်။အန်တီတို့က ဧည့်သည်ရှိတော့ ပြီးမှစားမည်တဲ့။ထို့အတွက်နှစ်ယောက် စာထမင်းခူးခပ်ပြီး ထမုံကြိုက်သည့်ပိတ်စွယ် ချဉ်လေးကို အိုးထဲမှ နည်းနည်းပိုပိုသာသာလေး ခူးခပ်ထားမိသည်။ဟင်းတွေခပ်နေရင်းမှ မယွန်းဝတီ၏ အသံက နားထဲဝင်လာသည်။

"အမေ... အဲဒီတစ်ယောက်က မထင်ရဘူးနော် ကိုယ့်အားကိုယ်မကိုးဘဲ.. သူများသားသမီးကို ခိုင်းစားနေတာ"

ရုတ်တရက်ကိုယ်ကြီးလှည့်ပြီး သူတို့ဘက်ခြမ်းလှည့်ကြည့်လိုက်မိသည်။အန်တီ၊ကိုဦး၊မယွန်းဝတီနှင့်အငယ်မတို့ပဲ ရှိနေသည်။ကိုဦးနှင့်အငယ်မက မျက်နှာပျက်ပျက်နဲ့

"ငါ့သမီးပြောတာမှန်ပ... အိမ်ကဟာက မွှန်နေတာလေ "

"အမလေး... အန်တီသိပ်မပြောနဲ့ ...
ပြောရင်ကိုယ့်စကားပဲလေထဲ ရောက်သွားမှာ ...အချိန်တန်တော့ သူတို့ဘာသာပြတ်သွားမှာ"

"မထင်.. မထင်... ခုတောင်အိမ်ကကောင်ရဲ့
ခေါင်းမှာချိုပေါက်နေပြီ"

"ခုခေတ်က... ယောင်္ကျားအချင်းချင်း ယူတာခေတ်စားနေတော့... ခဏပေါ်ပင်ပါပဲ အမေရယ် ခြေလက်အကောင်းကြီးရှိနေတာ.. ကိုယ့်အားကိုယ်မကိုးကြတာပဲ ...သမီးကရွံ့တာ.. ပြောရရင် လူချင်းအတူတူတောင်မှအဆင့်မရှိကြတာမျိုး တော်သေးတယ်.. ယွန်းတို့အမျိုးထဲ ဒီလိုဟာတွေ တစ်ယောက်မှမပါလို့"

"အင်း... ဟုတ်တယ်... သမီးတို့အသိုင်းဝိုင်းက ပညာတတ်လူချမ်းသာတွေချည်းပဲဟာကို ဘယ်ရှိပါ့မလဲ"

"သူတို့လိုလူတွေမြင်ရရင်ကို... စိတ်ပျက်တာ
အမေရဲ့... ဘယ်လိုပြောမလဲ သူတို့ကိုကြည့်ပြီးနှမြောနေမိသလိုမျိုး... အိမ်ကကိုဦးရဲ့မောင်တော့ အားနာပါရဲ့ ....ချုစားတဲ့ကောင်ကိုတော့ အဖတ်လုပ်ပြီး... ပြောကိုမပြောချင်တာ"
/
/
/

မိမိလည်း အသားတွေတဆတ်ဆတ်တုန်ပြီး မတ်တပ်ကို မရပ်နိုင်တော့ဘူး။စိတ်တိုပြီး ဆွံ့အလွန်းလို့ တစ်ခါမှဒီလိုမျက်စိရှေ့တည့်တည့်၊ နားရှေ့တည့်တည့် စော်ကားခြင်းမျိုး ဘယ်သူစိမ်းဆီကမှ မကြားဖူးပါ။နဂိုကမှ အန်တီကမကြည်ရသည့်ကြားထဲ ထမုံ့မရီးကပါ။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now