Part 20(U)

1.1K 89 16
                                    

ငါ့လူကိုလေ ချစ်စနိုးနဲ့ခေါ်တဲ့ ပိတ်စွယ်လေးလို့ ပေးထားသည့် နာမည်လေး ပြန်ရုပ်သိမ်းရတော့မည်။သူလေးက ပိတ်စွယ်မဟုတ်ဘူး။ဟိုဖြူဖြူရှည်ရှည် ကြံချောင်းလေးပါ။ဟုတ်သည်‌လေ။ကြံချောင်းကိုညှစ်ရင် ကြံရည်ထွက်သလိုပဲ သူလည်း အချိုရည်ထွက်သည်။ညာမပြောပါဘူး။မျက်မြင်ကိုယ်တွေ့ပါ။

အရင့် အရင်မနက်ခင်းတိုင်းမှာ ချစ်ရသူလေးက မိမိထက်အရင်နိုးနေကျပါ။ဒီနေ့မှ စပ်ဖျင်းဖျင်းနဲ့ခန္ဓာကိုယ်၏တစ်နေရာလေးကြောင့် အစောနိုးလာရသည်။

နှစ်ခြိုက်စွာအိပ်မောကျနေသည့် ကောင်ချောလေးကို ကြည့်ပြီးကျေနပ်သည်။သူလေးကို ပေးလိုက်ရလို့လည်း အချစ်မလျော့ဘဲ ပိုတိုးလို့တောင်ချစ်ရသည်။

အမေပြောပြောနေသည့် နင်ကနွားဆိုလည်း နွားပဲခေါ်ခံလိုက်မည်။ကိုယ်နွားကျတယ်ဆိုလည်း သူ့တစ်ယောက်တည်းစာပဲ နွားကျတာလေ။ကိုယ်ဘဝကြီးတစ်ခုလုံးကို‌ရောအသည်းနှလုံးတစ်ခုလုံး‌ပုံပေးထားတာ။ကိုယ်လိုမပြည့်မစုံ၊ပညာမတတ်ဘာမတတ်တဲ့ ကောင်က သူ့ကိုအပိုင်စားရတာ နည်းတဲ့ကုသိုလ်လား။
/
/
/

"အွင်း....ဝါး...ဝါး"

နည်းနည်းလေးလှုပ်လာပြီး တဝါးဝါးသမ်းနေသည့် သဲလေးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။မိမိ၏ ကြည့်မဝလေး။

မျက်လုံးလေးပွင့်လာပြီး မိမိရှိရာဘက်ကိုကြည့်နေသည့်ကောင်လေး။အိပ်ချင်မူးတူးရုပ်လေးနဲ့။

"မောနင်း....အစောကြီးနိုးနေတာလား"

တိုးတိုးလေးပြောပြီး ကိုယ့်ရင်ဘတ်ထဲတိုးဝှေ့နေသည့်ကောင်လေး။

"နာနေလို့လား ....မောင်"

မောင့်ရင်ဘတ်ကြီးထဲ တိုးဝှေ့ပြီး အိပ်ချင်သည့်စိတ်ကိုဖျောက်နေရသည်။ဒီနေ့မှ ထူးထူးဆန်းဆန်း အစောကြီးနိုးနေသည်။သူနာနေလို့များလား။

မောင့်ရင်ခုန်သံတွေကို နားထောင်ရင်း ဇိမ်ယူနေမိသည်။

"ဟင့်အင်း.... မနာပါဘူးသဲရဲ့"

"သိပါဘူး.... နာနေတာထင်တာ နည်းနည်းတောင်မနာဘူးလား ....မညာနဲ့နော်"

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now