Part 33(U)

1.1K 103 25
                                    

မိမိစိတ်ကိုပြင်ဆင်ပြီး ခေါင်းမော့လိုက်တဲ့အချိန် ‌ဘေးနားက ထိုင်ခုံမှာ ထမုံမရှိတော့ဘူး။ခေါင်းကို ဘေးဘီစောင်းပြီးကြည့်မိတော့ လူကြားထဲမှာ ငိုက်စိုက်ငိုက်စိုက်နဲ့ အပေါက်ဝရှိရာသွားနေတဲ့ မုံကြီးကိုတွေ့မိသည်။ဝုန်းကနဲ ဒေါသကထွက်လာရော။စိတ်စေစားရာ သူ့နောက်ကိုအပြေးလိုက်မိရင်း။

ကြည့်နေရင်း မိမိရဲ့မြင်ကွင်းထဲကပျောက်သွားသည်။ခန်းမထဲကလူအုပ်ကြီးကိုရှောင်ကွင်းပြီး ခန်းမ၏အပြင်ဘက်ထွက်လာမိသည်။တစ်ယောက်တည်း လမ်းလျှောက်ပြီး ပြန်နေတဲ့မုံကြီးကိုတွေ့တော့ ဒေါသကပိုပြီးထွက်လာပြန်သည်။အလကားကောင်။သတ္တိမရှိတဲ့ကောင်။မှားပါတယ်ဆိုပြီး မတောင်းပန်နိုင်ပြန်ဘူးလား။

တောက်!!!

ကိုယ်လည်း သူရှိရာတဟုန်ထိုးပြေးလိုက်ရင်း အနားရောက်သွားတော့ မုံကြီးခန္ဓာကိုယ်ကြီး ဆွဲလှည့်လိုက်သည်။

/
/
/

နယုန်လေး သူ့ကိုခွင့်မလွှတ်နိုင်ဘူးနေမှာ။
ဘာနေနေ တောင်းပန်လိုက်မယ်ကွာဆိုပြီး အားတင်းထားပေမဲ့ မျက်လုံးစိမ်းများအား မြင်လိုက်တဲ့အခိုက်အတန့်  စိတ်ဓာတ်တွေဟိုးအောက်ဆုံးအထိ ကျသွားသည်။အငယ်မပွဲထဲမှာရုပ်ပျက် ဆင်းပျက်မဖြစ်ခင် ပြေးထွက်လာမိသည်။ချစ်ရသူကောင်လေးအနားမှာ ဆက်နေဖို့ မိမိသတ္တိမရှိတော့ပေ။

ကိုယ့်ဘာသာကိုယ်ပဲ ကျိန်ဆဲနေမိတော့ သည်။ငါ့တော့ သွားပြီ။အသက်ရှင်ချင်စိတ်တောင်ပျောက်နေပြီ။ဘာအသုံးမှကျတဲ့ကောင်မဟုတ်ဘူး။ဒီလိုနဲ့ဘဝကို ရေစုန်မျောသွားမဲ့ကောင်၊အလကားကောင် မိမိဘာသာ‌တွေးပြီး ကျလာတဲ့မျက်ရည်တွေကို လမ်းမကြီးအပေါ် လွတ်လပ်စွာကျခွင့်ပေးထားလိုက်သည်။

မိမိ၏အနောက်ကနေ တဖျတ်ဖျတ်နဲ့ ပြေးလိုက်လာတဲ့ခြေသံကို ကြားရပါသည်။ဘယ်သူများ ဒီလောက်အလျင်လိုနေပါလိမ့်။လမ်းဖယ်ပေးမလို့ ဘေးအသာယို့ပြီး နောက်လှည့်မကြည့်မိခင် မျက်ရည်အသာသုတ်ပစ်လိုက်သည်။

"ခွပ်.... ခွပ်"

"...."

ဘာလဲဟ။ဘလိုင်းကြီး။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now