Part 22(U)

973 96 10
                                    

"မုံကြီး ပြီးခဲ့တဲ့လက.... ဝယ်ပေးထားတဲ့မင်းပုဆိုးလေးရော "

ဟိုတလောကမှ မိမိကိုယ်တိုင်စိတ်ကြိုက်ရွေးပြီး သူ့အတွက်ဝယ်ထားတဲ့ ပုဆိုးအသစ်လေး။ဒီနေ့မနက်စောစောထပြီး ဘုရားကြီးသွားကြမလို့ပါ။သွားခါနီးလာခါနီးမှ တကယ်ပဲ။

"ဟို.....သိန်းနိုင် တမြန်မနေ့ကလာတော့ ယူဝတ်သွားတယ်နေမှာ"

"ဘာ....!!! မင်းအဲဒီပုဆိုးက အကောင်းကြီးနော်... ပြီးရင်ကျ သူတို့ဆီရောက်သွားရင်... ဘယ်တော့မှ အိမ်ပြန်မရောက်တော့ဘူး... စည်းမရှိကမ်းမရှိနဲ့ တအားလူလည်ကျသလားမမေးနဲ့"

"ထားပါကွာ.... ပေးလိုက်ပါ... ဘာမှမဖြစ်ဘူးရယ်"

"ဘာ... ဘာမှမဖြစ်တာလဲ...ဖြစ်တယ်ကွ.... မင်းကသူဌေးမို့လို့လား.... မင်းညီတို့က ဒီလောက်ငတ်ပြတ်ဆင်းရဲနေကြသလား... တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ် လွန်လွန်းတယ် ပိုက်ဆံနဲ့ပေးဝယ်ရတာ... အလကားရလာတာမဟုတ်ဘူး"

"......"

စောစောစီးစီးကြည်လင်နေတဲ့ စိတ်လေးက ကြက်ပျောက်ငှက်ပျောက်။

"ပြီးရင်... အသစ်ကြီးကို ရေတောင် တစ်ခါပဲချရသေးတာ ပြန်တောင်းပေး"

"........"

"ပြန်တောင်းပေးလို့"

"......."

"မုံကြီး ပြန်တောင်းပေးလို့"

"ဟာ... ထားလိုက်ပါတော့လို့ဆိုကွာ"

မိမိပြောလည်း ဒီအတိုင်းပဲမသိချင်ယောင်ဆောင် ပြီး ထိုင်နေသည့်မုံကြီး။အမြင်ကပ်လို့ စကားပြန်မပြောမချင်း ထိုင်ပြောနေလိုက်တော့ စိတ်ရှုပ်သည့်ပုံစံဖြင့် ပြန်ပြောလာသည်။

ထိုနေ့က ပုဆိုးတစ်ထည်ကိစ္စနဲ့ ဘုရားလည်းမသွားဖြစ်ကြတော့ပေ။ဟုတ်သည်လေ။ကိုမုံကြီးတို့လုပ်‌နေတဲ့ပုံစံ‌နဲ့ သွားချင်စိတ်လည်း မရှိတော့ပေ။နောက်ဆုံးမှာ နှစ်ယောက်သား စကားများကြသည်ပေါ့။

/
/
/

မိမိကတော့ သူ့ညီဝမ်းကွဲတွေကို တစ်နေ့တခြား ပိုပိုပြီး အမြင်ကပ်လာသည်။သူများပစ္စည်းတွေကို ဌားဝတ်ပြီးရင် အလိုက်သတိ ပြန်ပေးကြပါလား။ငြိုငြင်တဲ့လေသံထွက်လာတဲ့အခါမှ မိမိကို ယောင်္ကျားတန်မဲ့ ကပ်စီးနှဲပြီး သဒ္ဒါတရားနည်းလွန်းတဲ့ကောင်လိုလို ဘာလိုလိုကြည့်ကြတာ။မောင်လည်း ထိုနည်းတူစွာပဲ။သူ့အမျိုးအဆွေတွေကို ပြောရင်ကျ မခံချင်တာ။တစ်ယောက်မှ စည်းကမ်းရှိတဲ့ဟာတွေ မဟုတ်ဘူး။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now