Part 12(U)

1K 109 15
                                    

မိမိတို့နှစ်ယောက် လက်ထပ်သည့်ပွဲကတော့ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ်ဖြင့် ပြီးသွားခဲ့သည်။မိမိကတော့ အပေါ်ယံတွေ သိပ်ပြီးမကြိုက်ဘူး။ပြီးတော့လည်း ယောင်္ကျားလေးတွေမလား။ထိုအရာတွေ သိပ်ခေါင်းထဲထည့်မနေဘူး။

ထမုံကတော့ မိမိကို လက်ထပ်ပွဲလေး သေချာမလုပ်ပေးရလို့ တောင်းပန်ရှာသည်။ငါ့စိတ်ထဲ ဘာမှမထားဘူး။လူမသိလေ ပိုကောင်းလေ ပြောတော့ နှာချွှန်မျက်နှာ ပျက်သွားရှာသည်။ဘယ်လိုထင်သွားလည်းမသိချေ။

မိမိကတော့ ရှေ့ဆက်ဘယ်လိုနှစ်ပါးသွားရမှန်းမသိပေ။ဘာလုပ်စားရမလဲ။ဒီလကုန်ရင်ကျောင်းဆက်တက်ဖို့ကရော ပူပန်နေရသည်။လုပ်ချင်ရာ လုပ်ပြီးနောင်တရနေလည်း အပိုပဲ။ကိုယ်ဖြစ်ကိုယ်ခံရုံပေါ့။

/
/
/

သူတို့နှစ်ယောက်၏ လက်ထပ်ပွဲကို အကျဉ်းရုံးပြီး စီစဉ်လိုက်ရတော့ စိတ်မကောင်းဖြစ်မိသည်။နယုန့်ကို ပိုင်ဆိုင်လိုက်ရတာ မိမိအတွက်တော့ အိမ်မက်လိုပဲ။ဒီအိမ်မက်လေးက ချိုမြိန်လွန်းလို့ မနိုးထချင်တော့ဘူး။အမြဲပဲ အိမ်မက်ဆက်မက်ပြီး အိပ်သာနေချင်မိသည်။

နယုန်က လူတွေ မသိလေပိုကောင်းလေ ဆိုတော့ မိမိစိတ်မကောင်းဖြစ်မိသည်။ကိုယ့်လိုလူကို မဖြစ်သာလို့သာနေမှာ။မိမိကတော့ နယုန်အတွက်ဆိုလျှင် ထမင်းလျော့စားပြီး အလုပ်ကြိုးစားမှာ။ချစ်ရသူပိတ်စွယ်လေး မျက်နှာ မငယ်ရအောင် မိမိပိုကြိုးစားမည်။

အဖေက မိမိတို့နှစ်ယောက်လွတ်လွတ်လပ်လပ်နေဖို့ ခြံထဲက မြေကွက်လပ်ကိုရှင်းပြီး ထရံကာ‌ မြေစိုက်အိမ်လေးတစ်ခုဆောက်ပေးထားသည်။မြင့်သိန်းနှင့် အောင်ကြီးလည်း အိမ်ဆောက်တာ လာဝိုင်းကူပေးရှာသည်။ထိုအရာက သူတို့ပေးသည့်လက်ဖွဲ့ဆိုပဲ။

လိုအပ်သည့် သစ်သားတိုင်၊တံခါးရွက်တွေကတော့ သစ်အဟောင်းဆိုင်က သွားရှာရသည်။‌ နေရာတကာ မိမိပါနေတော့ အမေသူ့ကို အမြင်ကပ်နေရှာသည်။ကိုယ့်အိမ်ထောင်နှင့်ကိုယ်ဆိုတော့ မိမိကိုကြည့်လိုက်လျှင် အမြဲတက်ကြွနေသည့်ကြက်ဖကြီးပါပဲ။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now