Part 11(U)

1.1K 111 18
                                    

အိပ်ရတာ အဆင်မပြေလိုက်တာကွာ။အား... ကျောတွေလည်း အောင့်လို့။နေသားမကျသေးသည့် ကြမ်းပြင်‌အေးအေး၊အရင်နှင့်မတူဘဲ မာနေသည့်အရာဝတ္ထုပေါ်မှာ အိပ်နေရသလိုပဲ။ မိမိ၏ မျက်တောင်တွေကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း ပစ္စုပ္ပန်ကို သတိထားမိသွား၏။

မိမိ၏ဘေးနားမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် လူကိုကြည့်လိုက်မှ လက်ရှိမိမိဘဝကို သတိရသွားသည်။ဆံပင်ရှည်တွေ ပြန့်ကျဲနေသည့်ခြူးခေါင်းကြီး ကြည့်ပြီးပြုံးမိသည်။တော်သေးသည် ထမုံနဲ့ မိမိသည် သူငယ်ချင်းဖြစ်နေလို့သာပေါ့။နမို့ဆို ဘယ်သွားရမှန်းမသိဘူး။

သူငယ်ချင်းနှစ်‌ယောက်ရှိသော်လည်း အိဖြူလှိုင်၊ဖြိုးဖြိုးအောင်တို့နှင့်ကျ သူငယ်ချင်းဆိုပေမဲ့ သူ့တို့၏အကူညီတော့ မယူချင်မိတာ မိမိ၏စိတ်ရင်းအမှန်ပါ။ထမုံ့ကိုကျ မိမိအားနာရကောင်းမှန်း မသိတာ ဘယ်လိုဖြစ်သလဲမသိ‌ချေ။

သူစိမ်းတွေနှင့် ပေါင်းရသင်းရခက်သည့်မိမိ။တော်တန်ရုံနှင့် မိတ်ဆွေမဖွဲ့တတ်သည့် မိမိက
ထမုံနှင့်ကျမှ ပြောင်းပြန်လှန်လိုက်သလို။သူ့မျက်နှာကိုကြည့်ပြီး အတွေးပေါင်းသောင်းခြောက်ထောင်။

ရှေ့ဆက်လည်း ခုထိ ဘာတွေဖြစ်ဦးမည်မသိပေ။မားတို့ဆီ သူတကယ်ပြန်မသွားရတော့ဘူးလား။မသွားရတော့ဘူးဆိုလျှင် မိမိတစ်ယောက်တည်း ဘယ်လိုရှေ့ဆက်ရမှန်းမသိချေ။မမကို အကူညီတောင်းမည်လို့ စဉ်းစားလိုက်လျှင် ကိုအိုက်မိုးမျက်နှာကြီးပြေးမြင်မိသည်။မမကိုလည်း ဒုက္ခမပေးရက်ဘူး။ကိုယ်တိုင်လည်း ဘာလုပ်ရမှန်းမသိ‌ပေ။မိမိကိုယ်ကိုပဲ စိတ်ပျက်မိသည်။

တံခါးဖွင့်သည့်အသံကြားတော့ မျက်လုံးကို ပြန်ပိတ်ပြီး အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

"မယ်ထွေး ဟိုမှာကြည့်ဦး"

သူတို့ပြောနေသည့်အသံက တိုးသော်လည်း မိမိနားထဲမှာ ရှင်းရှင်းလင်းလင်း ကြားနေရသည်။

"ဘာတုန်း....ကလေးနှစ်ယောက်အိပ်နေတာကို အထူးဆန်းလုပ်လို့ တော့်သား ဖင်ပေါ်နေပြန်ပြီလား"

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now