Part 13(U)

1.1K 107 20
                                    

နှစ်ယောက်သား ပြုံးဖြီးဖြီးနဲ့။ထမုံကလည်း ခါးနာတာကို အမှတ်မရှိပေ။ခါးကြီးဖိပြီး ရယ်နေသည်။

"တော်ပြီ ဟိတ်ကောင် မျက်နှာပိုးသတ်တော့ ငါအတည်ပြောမလို့ ကွမ်းယာတော့ မရောင်းပါနဲ့ကွာ ကွမ်းသွေးတပျစ်ပျစ်နဲ့ ရွံ့စရာကြီး ပြီးလျှင်ရောင်းတဲ့ မင်းပါလိုက်စားရင် အဲဒီ့ပါးစပ်ကြီးနဲ့ ငါ့လာမနမ်းနဲ့ကွာ"

"ဘာ... ဒါဆိုမစားရင် နမ်းလို့ရတယ်ပေါ့"

အနားကို မျက်နှာကြီးလာကပ်ပြီး ပြီတီတီရုပ်ကြီးဖြင့် စကားလာပြောနေသည်။

"ထမုံ မနောက်နဲ့ ငါအတည်ပြောနေတာ ခွေးကောင်ရ"

"အား ဝု"

"ထမုံ ငါစိတ်တိုလာပြီ သွားကွာ"

ဟိုဖက်လှည့်အိပ်သွားသည့် ကောင်လေး၏ခါးကို လှမ်းဖက်ရင်း

"မစတော့ဘူး အတည်ပြောမယ် ဒါပေမဲ့ အိပ်ခါနီးကျ နမ်းခွင့်ပေးရမယ် ဘယ်လိုလဲ"

နားဖျားလေးနား ကပ်ပြီး ပြောမိသည်။

"ဪ မင်း နစ်နာနေပါ့ဦးမယ်"

"လုပ်ပါ လုပ်ပါကွာ ပိတ်စွယ်လေးရာ နော် နော်လို့"

"ပြော အရင်ပြော ဘာလုပ်ဖို့တွေးထားသေးလဲ"

"ငါ လေထိုးကျွတ်ဖာ လုပ်တတ်တယ် လေအိုးနဲ့မော်တာတွဲထားတာလေး တစ်ပတ်ရစ်ထဲက သန့်သန့်လေး ရှာဝယ်မယ်ကွာ သုံးသိန်းတန်လောက် အရင်ကလမ်းထိပ်က လေဆိုင်က ဦးလေးကြီးနဲ့ ခင်နေတော့ သူ့ဆီက ငါပညာသင်ထားတယ် ငါလုပ်တတ်တယ်"

"ဟုတ်လား ဒါလေးဆို မဆိုးဘူးနော် ဒါပေမဲ့ လေအိုးကြီး မင်းဘယ်လိုသယ်မလဲ လေအိုးကြီးက လေးတယ်ကွ"

"ဟာ သူကတွန်းလှည်းလေးလုပ်ပြီး တွဲထားလို့ရတယ် တစ်နိုင်တစ်ပိုင်ပဲ "

"နေရာကျတော့ကော ဦးလေးကြီးက အရင်ဖွင့်ထားတာလေ "

"စိတ်မပူနဲ့ ငါကကျတော့ ဝပ်ရှော့ကပြန်လာပြီး ညမှဖွင့်မှာလေ ဟိုဖက်လမ်းထိပ် သွားဖွင့်မယ်.များသောအားဖြင့် ညဖွင့်တာနည်းတယ်ကွ"

"လမ်းမကြီးပေါ် သွားလာနေတဲ့ ကား၊ဆိုင်ကယ်များတာပဲ အလုပ်ဖြစ်မယ်ထင်တယ်ကွ"

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now