Extra 3(U)

1.7K 116 22
                                    

ခြောက်နှစ်ကြာပြီးနောက်

"၁ ...၂... ၃... ၄... ၅... ၆ ...၇... ၈ ...၉... ၁၀"

ပထမအသံက မုံကြီးစာချနေတဲ့အသံ။

"၁ ...၂ ....၃ ....၅ ....၆.... ၇.... ၈ ....၉ ...၁၀"

ဒုတိယက သူ့သားတော်မောင် နောက်ကလိုက်ရွတ်နေသောအသံ။

"ဟာ .....ပြန်ဆို ၁ ၂ ၃ ၄ ၅

"၁ ၂ ၃ ၅ "

"ကဲ... ၄ လေ... ၄က ဘယ်ကျန်ခဲ့တာတုန်း ..ဘာ... ၁ ၂ ၃ ၅ လဲ ပြန်ဆို... နောက်တစ်ခေါက်"

"၁ ၂ ၃ ၅ ၆ ၇ ၈ ၉ ၁၀"

"လုံးလုံး ဖေမုံစိတ်တိုလာပြီနော် ...ဒါလေးတောင်မမှတ်နိုင်ဘူးလား ...ဖိုထဲကကောင်မလေးနာမည်တွေကျ ...အလွတ်ရတယ် ဒီ ၁ ၂ ၃ ၄ ၅ ကျမှ"

"၁ ၂ ၃ ၅ ၆......"

"လုံးလုံး ...."

"ဖေယုန်လေးရေ ...သားသားကို ဖေမုံလုပ်နေပါတယ် အား.... နာပါတယ် သေပါပြီဗျ"

"ဟင်.... မင်း မဟုတ်တာမပြောနဲ့ ငါမင်းကိုလက်ဖျားနဲ့တောင် မထိရသေးဘူး မအေပေးလေး ...ဟိုကငါ့သတ်တော့မှာ"

"အီး .....ဟီး ဖေယုန်လေးရေ သားကိုအနိုင်ကျင့်နေပါတယ်ဗျို့ အု ....အု "

ငိုနေတာ မျက်ရည်လည်း တစ်စက်မှမထွက်။မဟုတ်တမ်းတရားပြောနေတဲ့ အကောင်ပေါက်၏ပါးစပ်ကို လက်ဖြင့်ပိတ်ထားမိတော့ ကိုက်ခံလိုက်ရသည်။

"အား ...လား ...ခွေးပေါက်လေး လွတ်စမ်း "

"မုံကြီး... မင်းကလေးကိုအနိုင်ကျင့်နေပြန်ပြီလား ငါ့ဟင်းအိုးတန်းလန်းကြီးနော် ...မင်းမကြီးမငယ်နဲ့ ဘာလုပ်နေပြန်တာလဲ"

သူ့အဖေဖြစ်သူကို လှမ်းမြင်ရောကိုက်ထားရာမှ ချက်ချင်းလွတ်ပြီး ငိုမဲ့မဲ့လုပ်နေပြန်တဲ့စောက်ကလေး။ရုပ်ကိုက ဆယ်နှစ်မျိုးဂျင်းသုတ်ရုပ်။အမျိုးတစ်ခြမ်းယုတ်လေး။ငါ့တို့ဘက်မဟုတ်ဘူး။ဟိုကောင် ငဖြိုးတို့ဘက်သွားတူတာပါ။

ဟုတ်ပါသည် နီနီခင်၏သားအကြီးကောင်ပါ။မိမိတို့နှစ်ယောက် ဟန်နီးမွန်းခရီးစဉ်အဖြစ် သွားလည်စဉ်က ဖေယုန်ဖေမုံဆိုပြီး ကပ်မြှောင်ခါအတင်းကပ်ပါလာသောတူတော်မောင်ကို ထိုစဉ်အခါက ချစ်လို့ဆိုတဲ့စိတ်ဖြင့် ခေါ်လာခဲ့ပါသည်။ဒီကောင်ကလည်း နယုန်လေးကို အသေကပ်တာ။သူ့အမေကိုယ်တိုင် သူ့သားလုံးလုံးကို အမြင်ကပ်တဲ့အထိ။နှစ်နှစ်သားကနေ လေးနှစ်သားရောက်သည်အထိ မိဘတွေရှိရာ မပြန်တာသာကြည့်တော့။နီနီခင်တို့ကတော့ လာလာတွေ့ပါရဲ့။ဒီကောင်က သူ့ဖေယုန်မှဖေယုန်။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now