Part 1(Z)

1K 37 2
                                    

မွေးချင်း‌လေးယောက်ရှိသည့်အနက် ဒုတိယမြောက်ဖြစ်သော သားယောင်္ကျားလေးဖြစ်၏။
စ‌နေသား နေတက်ရေတက်မှာမွေးပြီး အဓိပတိဖွား ကောင်လေးအား ထက်ဝေဟင်ဟုခေါ်တွင်စေသော်ဝ်။

ဘိုးထွန်း‌‌ရွှေ(အဖေ့၏အဖေ)က ဗေဒင်ကိန်းခန်းသေချာတွက်
ပြီး ဤသို့အမည်နာမပေးသနား‌ခဲ့ပါသည်။သို့သော်ငြား မာတာမိခင်ကြီးမှ အရွတ်တိုက်ခေါ်ဆို‌ခဲ့သော အိမ်နာမည်သာ နာမည်တွင်ပါ၏။

"ထမုံ "

အရပ်ထဲမှာ ထက်ဝေဟင်ဆိုလျှင် မည်သူမှမသိကြသော်
လည်း ထမုံဆိုလျှင်ဖြင့် လူကြီးကလေးကအစပြုလို့ ခွေးအဆုံး သိပါသည်။

လဝကရုံးမှာ နိုင်ငံသားမှတ်ပုံတင်လုပ်သည့်အခါ ကိုယ့်
နာမည်အရင်း ကိုယ်မေ့နေသဖြင့် ထမုံနာမည်ပဲပေးခဲ့ရသည်။ထို့ကြောင့် ကျောင်းနာမည်သည်လည်း ထမုံသာလျှင်ဖြစ်ခဲ့ရ၏။

ယနေ့ ကောင်းကင်ပြာပြာကြီးမှာ တိမ်ဖြူဖြူတွေ ဟိုတစ
ဒီတစလွင့်ပါနေကြသည်။‌ နေမင်းကြီးလည်းဘယ်ချောင်မှာ
ပုန်းနေသည်မသိနိုင်သော်လည်း မိုးအုံ့အုံ့ရာသီဥတုဆို ထမုံတို့အကြိုက်ပဲ။နေမပူလျှင် ချွေးသိပ်မထွက်တော့ဆော့‌လို
့ကောင်းသည်။

ရာသီဥတုက မိမိတို့ဘက်ပါနေတော့ ကိုဦးနှင့် ညီမ
နှစ်ယောက်ကိုခပ်သွက်သွက် ဆန်ရွေးခိုင်းရသည်။
ခဲလုံးရွေးနေသည့် ဆန်ဗန်းကို ဆော့ချင်ဇော၊ ပြီးချင်ဇောဖြင့် မောင်နှမတတွေ အမြန်လုပ်နေကြသည်။

"ဝါဝါ မြန်မြန် ကိုမုံ ကူမယ်"

သူ့ဝေပုံကျ ပြီးသွားသည့်တိုင် အငယ်မဆန်ဗန်းက မပြီးသေးလို့ ကူပေးနေရသည်။သူ့ဆော့သည့်အခါတိုင်း ညီမနှစ်ယောက်ပါ ဝင်ဆော့ခိုင်းသည်။အကြီးကောင်(ထွန်းထွန်းဦး)
ကတော့ သူ့တို့အုပ်စုနှင့်သူတို့သာ ဆော့ကြသည်။ဒီကောင်
နှင့်ကျ အသက်က သုံးနှစ်ကွာသည်။

ထမုံကတော့ အငယ်မနှစ်ယောက် နီနီခင်နှင့် ဝါဝါခင်ကို
သူနှင့်အတူသာဆော့စေသည်။နီနီက အသက်တနှစ်ပဲကွာပြီး မိမိလို လူရည်လည်သလောက် ဝါ‌ဝါက နည်းနည်းအူသည်။ညီမတွေကို အနိုင့်ကျင့်မခံနိုင်တော့ ကိုယ့်မျက်စိရှေ့သာ ထားဆော့သည်။

တို့အတူ(တို့အတူ) CompletedWhere stories live. Discover now