Part 18(Z)

462 19 2
                                    

"မယ်ထွေး... မင်းသားတွေ အိပ်ရာမထသေးဘူးလားဟ... ကောင်လေးတွေဒီရက်ပိုင်း အိပ်ရာထနောက်ကျတယ်နော့"

"မသိဘူး.... နှစ်သောက်သား ညနက်တဲ့အထိ လောဘ
ကြီးနေကြတာကို.... ဟိုတစ်ယောက်ကလည်း ......
လုပ်စရာရှိတာလုပ်ပြီးရင် သူ့လင်နောက်လိုက်သွားတာ... မနေ့ကမိုးချုပ်တယ်နေမှာပေါ့"

ဦးမြင့်ဦး၏စကားကို ဒေါ်မယ်ထွေးတစ်ယောက် မဲ့ကာ
ရွဲ့ကာဖြင့်ပြန်ပြောနေလေရဲ့။

"တော် ....သွားနိုးလိုက်ဦး "

"အေးပါဟ ....ဝါကေးရော "

"သူဒီရက်ပိုင်း ညစာကျက်တာ... နောက်ကျတယ်
မထသေးဘူး သူ့ကိုကျုပ်နိုးလိုက်မယ် ....ဟိုနှစ်ကောင်ကို
တော်သွားနိုးချေ"

"အင်း .....အင်း"

အချိန်ကို ကြည့်လိုက်တော့ ၇နာရီမတ်တင်း။နောက်ဆယ့်ငါးမိနစ်လောက် အိပ်ကြပါစေဦး။
ခြံထဲ သစ်ရွက်ခြောက်များကို တံမြက်စဉ်းလှဲ၊အမှိုက်ရှင်းပြီးမှ ကလေးတွေကိုနိုးတော့မည်။

ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင့်တာဝန်ထမ်းနေရသည့် သားအလတ်ကို သနားမိသည်။မိမိတို့အခြေအနေကလည်း သာမန်လူ‌တန်းစားတွေမလား။အကြီးကောင် ကိုဦးတောင် ထီပေါက်လို့ လက်ဖွဲ့ငွေလေး ပေးနိုင်တာ။အလတ်ကောင်တို့အတွဲကို ဘာမှငွေကြေးအားဖြင့် မပေးနိုင်သေးဘူး။သားနှစ်ယောက်ကိုအားနာမိသည်။ထမုံကလည်း ငွေကြေးနဲ့
ပက်သက်ပြီး ဘာမှမပြော၊သူဘာသာသူအဆင်ပြေအောင်
လုပ်ရှာသည်။
ဟိုက‌လေးကလည်း လိမ်မာချက်။တစ်ချက်မှမညည်း။သူ့မိဘ‌တွေနဲ့တုန်းက ရွှေပေါ်မြတင် သူဌေးသားလေး။မိမိတို့သားနှင့်ရခါမှ။ဟူး... သက်ပြင်းကြီး မှုတ်ထုတ်လိုက်မိ
သည်။

ဟိုဖက်ခြံမှ ဒေါ်ဘုတ်ဆုံကြီးလည်း ခြံရှင်းနေတာတွေ့သည်။မိမိကို စကားလှမ်းပြောသံကြားသည်။

"စားပြီပလား....ကလေးတွေလည်း မမြင်ပါလား
နေဖင်ထိုးအောင် အိပ်နေတယ်ပေါ့...ငပျင်းတွေပါလားဟဲ့"

"ဟာဗျာ....ကျုပ်သားတွေ ငပျင်းတစ်ယောက်မှ
မပါဘူး အလုပ်နဲ့အကိုင်နဲ့ချည်း...
ကျောင်းတက်တဲ့သူက ကျောင်းသားအလုပ်... အလုပ်လုပ်တဲ့လူက...သူ့အလုပ်သူလုပ် ...
သိပ်လိမ္မာတာ...သူများသားသမီးတွေလို လတ်လျား
လတ်လျား...တစ်ယောက်မှ မပါဘူး ကျုပ်လို
ပုလင်းထောင်နေတဲ့ကောင်လည်း
တစ်ကောင်မှမပါဘူး.... ဒေါ်ဘုတ်ဆုံရေ 
ကျုပ်ထက်တောင်..ကြိုးစားတဲ့ကောင်တွေချည်း"

တို့အတူ(တို့အတူ) CompletedWhere stories live. Discover now