Part 19(U)🌚

1.4K 97 24
                                    

🌚🌚🌚
အို ဘာနေနေစိတ်ထဲမထားတော့ဘူး။ငါတို့နှစ်ယောက် အဆင်ပြေနေရင် ပြီးတာပဲဥစ္စာ။ပြီးခဲ့တာတွေအတွက်လည်း မစဉ်းစားချင်တော့ဘူး။နောင်မဖြစ်သေးတာတွေလည်း တွေးပူမနေချင်ဘူး။လက်ရှိ ပစ္စုပ္ပန်ကို ငါရှေးရှုမည်။ငါ့ယောင်္ကျားကျေနပ်အောင် ငါဒီနေ့ကြိုးစားပေးမည်။မိမိတို့နှစ်ယောက်၏ လက်ရှိအခြေအနေမှာ အပေးအယူမျှနေလျှင် နှစ်ဖက်လုံးစိတ် ကျေနပ်ပြီး win win situation ပဲမလား။ထမုံနှင့် အတူတူနေရတာ မိမိပျော်သည်လေ။သူ့ကို သံယောဇဉ်ရှိနေပြီမလား။ချစ်လားလို့ မမေးပါနဲ့တော့။ဘယ်အချိန်ကတည်းက ချစ်မိနေတယ်ဆိုတာကို သတိမထားမိပေမဲ့ မုံကြီးကမိမိရင်ဘတ်ထဲရောက်နေပြီဆိုတာ သိသွားပြီ။

ညပိုင်း အဝတ်အစားတွေ မီးပူတိုက်ပြီး သေတ္တာထဲ သေချာသိမ်းသည်။တဖြည်းဖြည်းနှင့် အဝတ်အစားတွေကို မီးပူကော့နေအောင်ထိုးတတ်လာပြီ။အထည်တွေ မနာအောင်၊ဆပ်ပြာမစားအောင် အဝတ်လျှော်နည်း တတ်မြောက်လာပြီဖြစ်သည်။ထမင်းရည်ငှဲ့ပြီး ထမင်းချက်နည်း၊မုံကြီးကြိုက်သည့် ခရမ်းချည်သီးငါးပိချက်နှင့်ပဲကုလားဟင်းကို ဆရာကျကျ ချက်တတ်လာပြီ။

"ကိုကြီးနယုန်...... ညီမလေးကို ဒီphysics လေး ကူတွက်ပေးဦး နားမလည်လို့"

"ဪ... အေး ဝါဝါရေ ခဏနော် ...ကိုကြီးဒါလေး မီးကြွေထိုးပြီးရင် လာခဲ့မယ် "

"ဟုတ်... ဟုတ် မြန်မြန်လာနော်... ခေါင်းခြောက်နေပြီလို့ "

"အေး... အေး"

ထမုံ၏ ဂျင်းဘောင်းဘီ မီးပူထိုးတာ အမြန်လက်စသပ်ရသည်။ဒီဘောင်းဘီတွေက ဝတ်ရတာသာ လှတာ။လျှော်ရတာတို့ ဘာတို့လုပ်လျှင် လက်မောင်းပြုတ်မတတ် ညှစ်ရသည်။အရင်ကတော့ အဝတ်လျှော်စက်ထဲ ထည့်ရုံသာ။ခုတော့ ကိုယ်တိုင်လျှော်ရမှ အကြောင်း သိပြီလေ။ဒါကြောင့် ထမုံကို နေ့တိုင်း ဂျင်းဘောင်းဘီမဝတ်ဖို့ရန် ချော့ပြောထားရသည်။သူကလည်း ကိုယ့်စကား တစ်ခွန်းဆိုတစ်ခွန်းပါလေ။သိပ်လိမ္မာတဲ့ ယောင်္ကျား။ပုဆိုးလေး ပြောင်းဝတ်ပေးရှာသည်။

ဘာတွေးတွေး မုံကြီး၏အကြောင်းပဲ ပါနေတော့ အခက်သားလား။မိမိထင်ပါသည် သူလည်းကိုယ့်လိုပဲနေမှာ။မိမိအကြောင်းပဲ အချိန်ပြည့်တွေးနေမှာ မိမိယုံကြည်သည်။
မိမိတို့နှစ်‌ယောက်၏ အ‌တွေးတွေက connection  ကောင်းကောင်းမိသည်နေမှာ။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now