Extra 2(U)

1K 86 30
                                    

အိမ်မဲကြီးဆီရောက်တော့ နေခြည်တို့ကြယ်စင်တို့ဖြင့်တော့ တွေ့ပါသည်။ ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ကညာပျိုနှစ်ပါးမှ အမြည်းလေးခွန့်လိုက်၊ကိုယ့်ဘာသာ အရက်လေးမော့လိုက်ဖြင့် မုံကြီးတစ်ယောက်ဇိမ်ကျနေသည်။တစ်ဖက်တစ်ချက်က စကီလေးတွေရှိနေလို့ ဇိမ်ကျတယ်များ မထင်ပါနှင့်။မသောက်ရတာကြာတဲ့ ဘီယာလေး၊ဝီစကီပြားလေးကြောင့်မို့ပါလေ။နှစ်ပင်လိမ်တာမို့ ပိုကောင်းပါ၏။တစ်မျိုးမထင်ကြပါလေနှင့်။

လျှာဖျားက အရသာခံသောက်စားနေတဲ့၎င်း၏သူငယ်ချင်းနှစ်ဦးကို ကြည့်ပြီး အောင်ကြီးလည်း သဘောကျနေမိသည်။ဘေးကစကီလေးများကို အချက်ပြလိုက်တော့ သူမတို့သဘောပေါက်ပါ၏။ထိုအချိန် မုံကြီးတစ်ယောက်အလန့်တကြားဖြင့် ဘေးကတစ်ယောက်ကိုတွန်းထုတ်သည်။

"ဟာ ...ဘယ်လာပွတ်နေတာလဲ ...ဟိတ်ရောင် အောင်ကြီး ...ငါမကြိုက်ဘူး မင်းဟာတွေပြောထားဦး ...လခွီးမှပဲ အရက်သောက်ချင်လို့လိုက်လာတာကွ "

မုံကြီးတစ်ယောက် ပြူးပြူးပြာပြာဖြစ်နေတဲ့အချိန် မြင့်သိန်းက အဆင်ပြေလို့ လေပေးဖြောင့်နေတာ သကောင့်သားက။ကွမ်းကျိုးမဲတွေဖြင့် သုံးဆယ့်နှစ်ချောင်းသောသွားတွေက မကြာခင်အအေးပတ်တော့မည်။ဒါတော့ မိမိမကြိုက်ဘူး။အိမ်ထောင်မရှိတဲ့လူပျိုလူလွတ်သမားက ကဲတာကဲလို့ရသည်။မတားဘူး။သို့သော် အိမ်ထောင်ရှိတဲ့သူများကတော့ ကိုယ့်အိမ်ထောင်ဖက်အပေါ် စောင့်ထိန်းရမည့်ဝတ္တရားရှိသည်လေ။

ဒီကောင်ကွာ။သူ့မိန်းမသိလို့ကတော့ ဟိုကလုပ်လိုက်မယ်ဖြစ်ခြင်း။ခုတော့ မိမိဒီကောင်ကို ရသလောက်ထိန်းရမည်။

"မြင့်သိန်း "

သူ့အာရုံနဲ့သူ မကြားဖူးနေမှာ။သီချင်းဆိုသံတွေနဲ့ကြောင့်လည်း ပါမည်ထင်သည်။

"မြင့်သိန်း"

"ကျစ်"

နှစ်ခါရှိပြီ။လဒ နားကန်းနေတာလားမသိ။ဘေးကတစ်ယောက်ကြောင့်လည်း သောက်ရတာမကာမိ၊စိတ်ရှုပ်လာသည်။မနေနိုင်တော့လို့ အခန်းထဲကနေ အပြင်ဘက်ခြမ်းထွက်လာမိသည်။ရှုနေရတဲ့အနံ့အသက်မကောင်းလွန်းလို့ နှောက်နေတဲ့ခေါင်းက ခုမှကြည်သွားပြီ။အထဲလည်း မဝင်ချင်တော့ဘူး။အိမ်ပြန်တာပဲအေးမည်ထင်သည်။မ‌ ပြောဘဲပြန်သွားလျှင် မကောင်းတာမို့ ဝင်နှုတ်ဆက်မည်ဆိုတဲ့စိတ်ကူးဖြင့် အထဲပြန်ဝင်ခဲ့သည်။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now