Part 8(U)

1K 104 8
                                    

"ဟိတ်ကောင် ဘယ်လိုလဲ တွေ့ခဲ့လား"

"မတွေ့ခဲ့ပါဘူးကွာ သူ့ဘွားတော်ပဲ တွေ့ခဲ့တယ်"

"ဟား..ဟား မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး ဆိုပါတော့"

အောင်ကြီး ပြောတာလည်း ပြန်မပြောနိုင်တော့ဘူး။ဝပ်ရှော့က တန်းလျားပေါ်လှဲအိပ်မိတော့သည်။ဝုန်းကနဲ ထထိုင်မိသည်။

လက်သည်း။
ဟုတ်သည် လက်သည်းညှပ်ရမည်။

တမြန်မနေ့က ချစ်ရသူစားဖို့ကြက်သွန်ဖြူခွာပေးရင်း မိမိလက်သည်းက ချေးတွေနှင့် သူပြောဖူးသည်။ချစ်ရသူ မိမိအားမရွံဖို့ အရေးကြီးသည်။

"ဟိတ်ကောင် လက်သည်းညှပ် ထယူပေးစမ်းကွာ"

"အံမယ်  ထူးထူးဆန်းဆန်း ညှပ်မလို့ဆိုပါလား"

"အင်း စကားမရှည်နဲ့ ငါ့ယူပေးစမ်းပါကွာ"

"နေဦး ဟိုကောင်ချစ်တီးတို့ဆီက ငှားပေးမယ် ငါလည်းဘယ်လိုလုပ်သိမှာလဲ"

ဝပ်ရှော့က ကောင်လေးတစ်ချို့ပဲ ရွှာပြန်သွားသည်။ချစ်တီး၊သန့်စင်၊ကိုဝင်းငွေ၊မောင်ဘုန်း၊လင်းလင်းတို့ငါးယောက်သာသကြင်္န်လည်ဖို့ကျန်နေခဲ့ကြသည်။

ခုတော့ သူတို့အုပ်စုထဲက ချစ်တီးတစ်ယောက်သာ ကျန်ခဲ့သည်။ဟိုလေးယောက်က ဆိုင်ကယ်နှင့် မြို့တော်ဝန်မဏ္ဍပ် သွားကြည့်ကြပြီဖြစ်သည်။

ဒီနေ့တော့ မြင်သိန်းမရှိပါ။ပထမတစ်ရက်
ဥပုပ်စောင့်ဆိုလို့ သူ့အမေစိတ်ချမ်းသာအောင် တစ်ရက်ငြိမ်နေသည်။နောက်ရက်တွေ အပီကဲဖို့ အားခဲထားသည်နေမှာ။

မိမိလည်း သကြင်္န်ဆိုလျှင် နှစ်တိုင်းကဲပါသည်။သို့ပေမဲ့ ဒီနှစ်မှာ ချစ်ရသူနှင့် လျောက်လည်ရမည်ဆိုတော့ ရင်ခုန်နေလို့ ဘယ်မှသွားဖို့ စိတ်ကူးမရှိဘူး။အောင်ကြီးကတော့ မိမိကိုသစ္စာဖောက်လို့ နာမည်ပေးထားသည်။

ဟုတ်သည်လေ ဒီနှစ်မှာ သူ့အမေ၏အဆူဆဲခံပြီး သူ့ဆိုင်ကယ်ကို အိပ်ဇောဖောက်ထားသည်။တဖျင်းဖျင်း လုပ်ချင်ပေမဲ့ မိမိကမလိုက်တော့ သူရင်ခံနေသည်။

မြင့်သိန်းရော မိမိပါမပါတော့ သူလည်း ဘယ်မှမသွားဖြစ်ဘဲ ဝပ်ရှော့ထဲ ဝင်ခွေနေသည်။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now