သကြင်္န်သီချင်းတွေလည်း ဟိုအိမ်ကဖွင့် ဒီအိမ်က
ဖွင့်နေကြသည်။ရပ်ကွက်ထဲမှ ကလေးများ၏
လက်ထဲမှာ ရေပြွတ်သေနတ်ရောင်စုံဖြင့် သကြင်္န်
ပွဲတော်ဆင်နွှဲဖို့ တက်ကြွနေကြသည်။ထမုံတို့
ဝပ်ရှော့ကနေ အိမ်အပြန်မှာ လမ်းထဲက
ကလေးတွေပြောတာကြားရင်း ပြုံးမိသည်။
ငယ်ဘဝလေးတွေ တအားလွတ်လပ်လိုက်ကြတာ။"ဟေ့...ဒီမှာ ငါ့အမေ...ဝယ်ပေး...ထား...တာ"
"မင်းလိုမျိုး.... ငါ့ဆီမှာလည်း....ရှိတယ် "
သူတို့ထဲက တစ်ယောက်က အားကျမခံ ဝင်ပြော
သည်။"ငါတို့က ရေပုံးနဲ့ပက်မှာ....ပြီးရင်ခွက်စောင်းခုပ်
မယ်နှော့""ဟုတ်တယ် ဟုတ်တယ် ....ငါလည်း အမေ့ဆီကနို့ဆီဘူးတောင်းထားတယ်"
"အေးနော်... ငါ့တော့ နို့ဆီဘူးနဲ့ ခွက်စောင်းမခုပ်နဲ့ နာတယ်ကွ... မနှစ်ကခံရတာ စပ်တယ်"
"ငါကတော့.... ငါ့လာလုပ်ရဲရင်လုပ်စမ်း....
ပြန်ခုပ်မှာ.... ခုပ်တဲ့ကောင်အိုးမဲပြန်သုတ်မှာ""အေးလေ.... နင်ကလည်း နာတယ်ဟ....
ရိုးရိုးပဲပက်ပါဟ ""ဟင့်အင်း...ငါကတော့ ပက်မှာပဲ"
"အေး... လုပ်ချင်တာသာလုပ် နာလို့ကတော့
ငါ့အမေနဲ့သွားတိုင်မှာ""တိုင်...တိုင်.... မကြောက်ပေါင်"
"ဟိတ်ကောင်တွေ မှတ်မိလား မနှစ်ကသကြင်္န်
ဖိုးလပြည့်က လူတွေကိုရေပက်တာမဟုတ်ဘူး
လမ်းရေလောင်းတာလေ ခွီး...ခွီး""ဟီး...ဟီး"
သွားကျိုးလေးနဲ့ ကလေးလေးက ရယ်နေရင်း"အောင်မာ ဒီနှစ်ငါလေ့ကျင့်ထားပါတယ်
လူစိုအောင်ဘယ်လိုလောင်းရမယ်ဆိုတာ"သူတို့တစ်ယောက်တစ်ပေါက် ပြောနေတာတွေ နားထောင်ရင်း ကိုယ့်ငယ်ဘဝကို ပြန်တွေးမိသည်။ပျော်စရာဆိုတာ နတ္ထိ။တစ်ချိန်လုံး စာ တစာစာပဲ။
သကြင်္န်သီချင်းမြူးကြွကြွသံစဉ်များကလည်း ဟို
အိမ်ကဖွင့်လိုက် ဒီအိမ်ကဖွင့်လိုက်နဲ့။ ဘေးနား
ကဖြတ်သွားသည့် ထီတွန်းလှည်းမှစလို့ လက်ဖက်
ရည်ဆိုင်တွေပါမကျန် သီချင်းသံမြိုင်နေတော့သည်။သကြင်္န်အနံ့လေး ရလာသလိုလိုပဲ။
YOU ARE READING
တို့အတူ(တို့အတူ) Completed