Part 9(U)

1K 108 23
                                    

ထမုံက ပြောသည်။ခုသူတို့ ကျုံးတိုးကြမည်တဲ့။ကျုံးမြောက်ဘက်က Alpineမဏ္ဍပ်မှာ IC ရှိသည်ဆိုတော့ အဲဒီဖက် ဦးစားပေးတိုးမည်ပြောသည်။ကားတိုးမရလျှင် ခြေလျှင်တိုးမည်ပြောသည်။သူကတော့ အင်း အင်းပဲ။ဟုတ်သည်လေ သူခေါ်ရာလိုက်မှာပဲဥစ္စာ။

မိမိတို့ကားစတိုးတာကတော့ လမ်း၈၀ဘက်က ကျုံးမဏ္ဍပ်တွေကနေ စတိုးတာပဲ။လာခဲ့သည့် လမ်းတလျှောက်တော့ သိပ်မစိုသေးဘူး။စိုမှာဆိုးလို့ ရေပက်လာရင် ထမုံရင်ခွင်ထဲ တိုးနေလိုက်သည်။မိမိနှင့် ထမုံသည် အရပ်ချင်းက သိပ်မကွာပေမဲ့ လူကောင်ချင်းကျ ထမုံက ပိုထွားသည်။

မိမိရေသိပ်မစိုသေးတာကို ကြည့်လျှင် ပိုသဘောပေါက်ကြမှာပါ။တဘက်တွေနှင့် ကာထားလို့လည်းပါမှာပေါ့။

ကျုံးအဝင်နား ကပ်လာတော့ မိမိလည်း ပတ်ဝန်းကျင်ကို ငေးပြီး ကြည့်နေမိသည်။တီဗီထဲမှ မြင်ကွင်းကို မိမိမျက်မြင်ရှေ့မှောက် တွေ့နေရသည်။ပျော်နေကြသည့် လူတွေကို ကြည့်ရင်း ကိုယ်ပါ ပျော်လာမိသည်။

"ပျော်လား"

"အင်း ကျေးဇူးပဲ မုံကြီး"

ချစ်ရသူ၏ ပြုံးပျော်နေသည့် မျက်နှာလေးကြည့်ပြီး စိတ်ချမ်းသာရသည်။သူပျော်အောင်ပဲ ပိုလုပ်ပေးချင်မိသည်။

"ခဏနေ မဏ္ဍပ်ရှေ့ရောက်တော့မှာ ဖုန်းစစ်ကြည့်ဦး မင်းမားသားကြီး ခေါ်ထားဦးမယ်"

"ဟင့်အင်း ထားလိုက်တော့ အိမ်မှာကတည်းက စက်ပိတ်ထားခဲ့တာ ညနေမှ အဆူခံတော့မယ်"

"လူဆိုးလေး"

"အာ့"

"ယီးပဲ မုံကြီး တအားဆွဲတယ် နာတယ်ကွာ"

"မင်းက အူယားစရာ‌ကောင်းလို့ပါကွ"

ချစ်လိုက်တာ ပိတ်စွယ်လေးရာ။‌ခုနက ရေပက်သည့်အချိန် လုပ်မိလုပ်ရာ သူ့ရင်ဘတ်နားကပ်လာတော့ မသိချင်ယောင်ဆောင်ပြီး ဖက်ထားမိသည်။လက်ဖက်စိမ်းနံ့သင်းနေသည့် ခေါင်းလေးကိုလည်း ခိုးပြီးနမ်းလိုက်သေးသည်။

ခါးလေးတွေများ လေတိုးရင်ကျိုးမည့်အတိုင်း အသည်းယားလွန်းလို့ ဖျစ်ညှစ်ချင်မိသည်။သူကလည်း မိမိကို သမာဓိအား လာစမ်းနေသည်လား မသိဘူး။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now