"ကဲ.. ခုတော့ ..... မင်းဘာတတ်နိုင်သေးလဲ ဒုက္ခတွေ့ရင်... ပြန်လာမယ်လို့ပြောတဲ့ မင့်သားက.... တူနှစ်ကိုယ်တဲအိုပျက်ထဲ ပျော်လို့"
"ရှင်ကျမကိုပဲ .....အပြစ်လာမပြောနဲ့ ရှင့်သားက မွဲချင်တဲ့ခွေး.... ပြာပုံတိုးသွားတာလဲ ထည့်ပြောဦး"
"သူဘယ်လိုတိုးတိုးပေါ့ .....ခုဆိုတစ်နှစ်တောင်ပြည့်ပေါ့.... မင့်သားက ယောင်လို့တောင်.... အိမ်ဘက်ကိုမလာဘူး"
"အို ...မလာချင်နေပေါ့တော်"
"ငါမင်းနဲ့ ....စကားအကောင်းပြောချင်တယ် ရန်မဖြစ်ချင်ဘူး "
"အို ....ကျမလည်း မဖြစ်ချင်ပေါင်"
"ငါတို့သားကို ပြန်ခေါ်ရအောင်လေ... သူ့ကောင်လေးလည်း အိမ်ခေါ်ခဲ့ခိုင်းရအောင်ဥမ္မာ... ဖြစ်ပြီးသမျှအကြောင်း အကောင်းပဲ ...မှတ်ရအောင်ပါ စုံစမ်းကြည့်ရသလောက် ကောင်လေးကပညာမတတ်ပေမဲ့ ....အလုပ်ကြိုးစားတဲ့ပုံလေး"
"အို... နားသန်သီးတန်းလန်းဂျလေဘီရုပ်နဲ့ ကောင်ကိုများ... အထင်ကြီးစရာ တစ်စက်မှမရှိဘူး"
"မင်းအပေါ်ယံတွေပဲ မကြည့်နဲ့ ....မယ်ဥမ္မာ မင်းရွှေးပေးလိုက်တဲ့ မင်းသမက်ကရော.... တကယ်အဆင်ပြေလို့လား"
"အို ....တော်ကလဲ ယှဉ်စရာမရှိတာကို ယှဉ်နေတယ်"
"ဘာလဲ ......လူစိတ်မရှိတဲ့ကောင်က အဆင်ပြေတယ်ပြောမလို့လား"
"...... "
"မင်းသိရဲ့သားနဲ့.... ရူးချင်ယောင်မဆောင်နဲ့
မြင်အောင်ကြည့်.... ငါ့မိန်းမ ""......"
"ခု..... ငါ့သမီး ဒုက္ခတွေ့နေပြီ နေ့စဉ်နဲ့အမျှစိတ်ဆင်းရဲပင်ပန်းနေရရှာတာ....ငါတို့မသိခဲ့ဘူး "
"အို..... တော်လည်းအတူတူပဲလေ... အိုက်မိုးနဲ့ အဆင်ပြေတယ်ဆိုပြီး.... ပေးစားတဲ့အထဲမှာ ရှင်လည်းပါတယ်"
"ဟုတ်ပါတယ်.... ငါမငြင်းပါဘူး ဒါကြောင့်မို့ သားငယ်လေးကိစ္စမှာ.... ငါတို့တစ်ထစ်လောက်လျော့ရင် ကောင်းမယ်ထင်တယ် ....မင်းဘယ်လိုသဘောရလဲ"
"ဘယ်လိုမှသဘောမရဘူး..... ကျမသဘောမတူဘူး"
"......"
YOU ARE READING
တို့အတူ(တို႔အတူ) Completed