Part 24(Z)

369 21 0
                                    

ဒီနေ့ ထမုံတို့အိမ်ဆူညံပွက်လော ရိုက်နေလေရဲ့။အကြောင်းအရာက အိမ်ကအငယ်မလင်နောက် လိုက်ပြေးသွားတဲ့ကိစ္စပါ။

ဆယ်တန်းအောင်စာရင်းသွားကြည့်ပြီး စာမေးပွဲကျတာမပြောရဲတဲ့ အငယ်မက လင်ယူရမှာတော့ မကြောက်ဘဲ ခိုးရာ
လိုက်ပြေးသွားခဲ့ပါသည်။

ထိုနေ့က မုံကြီးလည်း အလုပ်မသွားနိုင်၊မိမိလည်းကျောင်းမတက်နိုင်ဘဲ အငယ်မကိုရှာရင်း အချိန် ကုန်သွားခဲ့ပါ၏။
ရှာလည်းလုံအောင်ပုန်းနေမဲ့ သူ့ညီမငယ်ကို ယူကြုံးမရဒေါသတထွက်ထွက်။ တောက်တစ်ခေါက်ခေါက်နဲ့ ကျတော့်
ချစ်လင်မုံကြီး။

အသက်မပြည့်သေးတဲ့ ကလေးမလေးမို့ သူတို့ပိုစိတ်ပူနေကြသည်။မိမိလည်း သူတို့ထက်မသာတောင် အငယ်မလေးကို
စိတ်ပူမိပါသည်။

ဒါတောင် ကျတော့်ယောက္ခမက ဒီကောင်ကြိတ်ဝမ်းသာနေမှာဆိုတော့ မိမိပြောစရာစကားတောင်မရှိဘူး။မိမိဘာကိစ္စ ဝမ်းသာနေရမှာလဲဆိုတော့ သူတို့အိမ်က တာဝန်မကျေခဲ့ခြင်းတွေက အခုသူ့သမီးဝဋ်လည်တော့မှာဆိုပြီးတဲ့။

ကဲ ဘယ်လောက်များစိတ်ပျက်စရာကောင်းလိုက် ပါသလဲ။ကျတော်တစ်ခါမှ ထိုသို့မတွေးခဲ့ဖူးပါ။ငါ့ကိုတော့ဘာမလုပ်ပေးဘူး။ညာမလုပ်ပေးဘူးလို့ တွေးရအောင်လည်း ကျတော်က အမျိုးသမီးတစ်ယောက်မှ မဟုတ်တာ။ထိုအရာတွေ စိတ်ကို
မဝင်စားတာ။လုပ်ပေးပေး မပေးပေးစိတ်ထဲကို ထားမနေဘူး။

နောက်ဆုံးမှာ အဆုံးသတ်က အငယ်မယောင်္ကျားယူတာ
နယုန်မြှောက်ပေးလို့တဲ့။မှတ်တောင်ထားရဦးမည်။ဘုရားစူးရပါစေရဲ့။အငယ်မရည်းစားဆိုပြီး သိလည်းမသိ၊မြင်လည်း
မမြင်ဖူးခဲ့ပါ။

သို့သော်ထိုလူနဲ့ ကျတော်တစ်ခါစကားပြောခဲ့ဖူးသည်တဲ့။ထိုသို့ပြောနေတာကိုလည်း ကျတော့်ယောက္ခမအန်တီမှ တွေ့သည်တဲ့။ခရီးသွားဟန်လွှဲလမ်းမေးခဲ့သည်လား၊မည်သည့်
အကြောင်းရာဖြင့် စကားပြောခဲ့ကြသည်ကိုတော့ မိမိ
မမှတ်မိတော့ပါ။ကိုယ့်အကျင့်ကိုက မည်သူ့ကိုမှ ဂရုတစိုက်
မှတ်မိတဲ့ လူစားထဲမပါရှာတာဆိုတော့ အန်တီစွပ်စွဲသမျှကို
လည်း မခံစားနိုင်ပေ။

တို့အတူ(တို့အတူ) CompletedDove le storie prendono vita. Scoprilo ora