Part 27(U)

954 88 10
                                    

"ခင်ဗျား လိုအပ်တဲ့သွေးစစ်၊Ultrasound ရိုက်တာတွေ လုပ်ရမယ်"

နေလို့‌မကောင်းတာ နည်းနည်းရက်ကြာလာပြီဆိုတော့ မခံစားနိုင်တော့ဘူး။အိမ်နားကဆေးခန်းလေးမှာပဲ ပြဖြစ်သည်။ဝမ်းဗိုက်ပိုင်းက အထိမခံနိုင်ဘူး။တစ်နေ့တခြား ပိုပြီးဆိုးရွားလာသည်။

ဆေးခန်းလေးမှာ လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်မရတော့ ပုဂ္ဂလိကအပြင်ဆေးရုံတစ်ခုမှာ သွားစစ်ရသည်။

Ultrasound မရိုက်ခင် ကိုယ့်‌ရှေ့မှာ ထိုင်စောင့်နေတဲ့လူနာကလည်း အများကြီး။စိတ်တော်တော်ရှုပ်နေပြီ။ဗိုက်နာတာက တစ်မျိုး။ရောဂါနုကတည်း က လာပြရမှာကို။ခုတော့ကွာ။

"ဦးမိုးမြင့်ရှိလား "

"အေး... ရှိတယ်"

ဝန်ထမ်းကောင်မလေးတစ်ဦးမှ မိမိနာမည်ကိုခေါ်သံကြားတော့ ဝမ်းသာလိုက်သည်ဖြစ်ခြင်း။

အထဲရောက်တော့ ultrasound ရိုက်တဲ့ဆရာဝန်မှ မိမိဗိုက်ကို ဂျယ်တစ်မျိုးသုတ်ပြီး ကိရိယာပြားလေးတစ်ခုနဲ့ ထောက်စမ်းပါတော့သည်။

"အား ...ကျွတ်.... ကျွတ်"

ထိရုံတောင်မခံနိုင်တာ။ဖိပြီးထောက်နေမှတော့ ပြောမနေပါနဲ့တော့။သို့ပေမဲ့ အံကြိတ်ပြီးသည်းညည်းခံခဲ့ပါသည်။

အာထရာဆောင်းအဖြေချက်ချင်းရသော်လည်း သွေးအဖြေက မနက်ဖြန်မှရမယ်ဆိုတော့ ဘယ်တတ်နိုင်ပါ့မလဲ စောင့်ရုံပေါ့။ဒီနေ့တော့ မိန်းမကိုခေါ်မလာခဲ့ဘူး။အလုပ်ထဲမှ ဝန်ထမ်းတစ်ယောက်ကို အဖော်ခေါ်လာတာ။

မနက်ဖြန်ရောက်တော့ အမျိုးသမီးပါ အဖြေသိချင်တာနဲ့ အတူပါလာသည်။

ဆရာဝန်က အဖြေဖတ်ပြီးလျှင်

"ultrasound အဖြေက အသည်းမှာ အနာရှိတယ်ပြောတယ် အသေးစိတ်သိရအောင် CT(ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း) ရိုက်ရမယ်"

"ဟို... လိုအပ်လို့လား ဒေါက်တာ ဒီအတိုင်းဆေးပေးလို့မရဘူးလား"

"အနာသက်သာအောင်ဆေးပေးလိုက်မှာပါ မရိုက်လို့တော့မရဘူးဗျ"

"အို ....ရှင်ကလဲ ရိုက်ဆိုရိုက်လိုက်ပေါ့ ဒါမှအဖြေသေချာသိရမှာ... ပိုက်ဆံနှမြောမနေနဲ့ ဟုတ်ကဲ့ပါ ဒေါက်တာ... ရိုက်ပါ့မယ်"

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now