Part 31(U)

1K 95 22
                                    

"မင်းရက်စက်ရင် .....ခွင့်လွှတ်မယ်
ဆိုးလိုက်စမ်းပါ ....မင်းသဘောပဲ
အရှုံးပေးလို့...လက်တွဲသွားမယ်
ဒါဟာမင်းလေးကို....ချစ်လို့
အိုး ဟိုး ရေး....ဒါဟာမင်းလေးကိုချစ်လို့
ထားခဲ့ရင်နေခဲ့မယ်...
မလိုက်နဲ့ဆို....အမိန့်အတိုင်းပဲ
အစကတည်းက...အနိုင်မယူဘူး
သိနားလည်...မင်းလေးအတွက် အဖြည့်ခံပဲ
အိုး... ဒါဟာမင်းလေးကိုချစ်လို့ အို ...ရေး
ဒါဟာမင်းလေးကိုချစ်လို့"

မုံကြီးတို့က ထုံးစံအတိုင်းပါပဲ။ခေါင်ရည်လေးသောက်လိုက် သီချင်းဆိုပြီးဂစ်တာတီးလိုက်။တစ်ခါတလေ ညီဝမ်းကွဲများနှင့်ဝိုင်းလိုက်။သို့မဟုတ် တစ်ကိုယ်တော်ဖျော်ဖြေလိုက်နဲ့‌ပေါ့။

ဦးမြင့်ဦးလည်း မကယ်နိုင်၊ဒေါ်မယ်ထွေးလည်း ကူရာမဲ့။‌ပျော်ပျော်ပါးပါးတီးကြဆိုကြတာဆိုတော်ပါသေး။ခုဟာက နေ့စဉ်နဲ့အမျှ ငိုသံပါကြီးနဲ့ဆိုလိုက်၊အမူးသောက်ပြီးမှောက်သွားလိုက်နဲ့ ဆိုတော့ကာ စိတ်တွေကို မနည်းဆွဲဆန့်ထားရသည်။တစ်ခါတလေအန်ဖတ်ဆို့တဲ့ညများဆို စိတ်ပျက်လိုက်တာ မပြောနဲ့။ကိုယ့်သားမို့သာ မယ်ထွေးသည်းခံနေတာ။

ဒီလောက်ဖြစ်ပျက်နေရင် လိုက်သွားပါလား။ယောင်္ကျားတန်မဲ့ အချစ်အတွက်နဲ့ ထင်ရာစိုင်းနေတဲ့ အိမ်ကကောင်ကို နာနာခေါက်ချင်မိသည်။မာနကိုမရှိဘူး။သူလုပ်နေပုံ ဟိုကကြားရင် ဘဝင်တောင်မြင့်သွားဦးမည်။

မူးရူးနေတုန်းတော့ ဘာမှသွားမပြောလေနှင့်။အိမ်ကယောင်္ကျားနဲ့တင် သင်ခန်းစာရပြီးသား။မနက်အမူးပြေရင်တော့ အကောင်း။ဟုတ်ကဲ့ အမေတောင်းပန်ပါတယ် ပြောပြောပြီး ညကျရင် ဒီအချိုးက ဒီအချိုးပဲ။

တစ်ခါတလေတော့ ‌ပျော်နေတဲ့ဟန်ပေါက်လို့ ငါ့သားမေ့သွားပြီလား မေးလိုက်ရင် ဘာတဲ့။သူက ဝိသုံးထားလို့ဆိုလား။စိတ်ညစ်စရာတွေ့ မေ့ချင်လို့ တိမ်တွေပေါ် လွင့်အောင်လုပ်ထားတယ်ဆိုလားပဲ။

ဒါနဲ့ ကိုမြင့်ဦးမေးကြည့်တော့ ဝလည်းမသိဘူး၊ဝိလည်းမသိဘူး။ငါသိတာ တစ်ခုတော့ရှိတယ် မင့်သားက ဝမရှိဘဲဝိလုပ်နေတဲ့အကောင်တဲ့။‌ မွေးထားမှခံပေါ့တဲ့။နောက်ဆုံးကျ မိမိအပြစ်ပဲ လာပြောနေတဲ့ ယောင်္ကျားဖြစ်သူကြောင့် လေကုန်ခံပြီး ဒင်းမေးမနေတော့ဘူး။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now