"မမနော်.... သားဗိုက်ဆာတယ်""ဟုတ်ကဲ့အကိုလေး... ကျမထမင်းပြင်ပေးရမလား"
အသားဖြူဖြူ သေးသေးညှပ်ညှပ်အကိုလေးဟာ
သိပ်ချစ်စရာကောင်းပါသည်။ရှမ်းတရုတ်စပ်လေးမို့
ပါးလေးတွေဆို ရဲနေတတ်သည်။"ဟင့်အင်း... ထမင်းမစားချင်ဘူး.... မုန့်ပဲပြင်ပေးပါ ...
မမနော်"ဆော့နေရင်းတန်းလန်း ဗိုက်ဆာလာလို့ မီးဖိုချောင်မှာ ရှိနေသည့်အိမ်ဖော် မနော်ဖောအား လာပြောနေသည်။
မားမားပါထမင်းစားခန်းဝင်လာရင်း
"အို....မားမားသားကလဲ အိမ်ဖော်မကို... မမနော်ခေါ်စရာလား ...သူ့နာမည်နော်ဖော....နော်ဖေပဲခေါ် ...သူ့အဆင့်နဲ့ ကိုယ့်အဆင့်မတူဘူး.... ဟဲ့....နင်ကလဲ ငါ့သားစားချင်တာ
လုပ်ပေးလိုက်လေ.. အလိုက်ကန်းဆိုးကို မသိဘူး""မား... နော်ဖောလို့ခေါ်ရင် ငရဲကြီးမှာပေါ့ ကိုယ့်ထက်အကြီးကို ကို ...မ တပ်ခေါ်ရမယ်လို့... ဆရာမကသင်ပေးထားတယ်"
"သားငယ်တို့ ခေါ်စရာမလိုပါဘူး... သူတို့ကို မားတို့က
ပိုက်ဆံပေးခိုင်းထားတာ ခိုင်းစရာရှိတာခိုင်း.... ဘာငရဲမှ
မကြီးဘူး အိမ်ဖော်ကို အိမ်ဖော်လိုသာ ဆက်ဆံ.... ပြီးတော့ ခုတစ်ခါတည်းမှာထားမယ်.... ထမင်းလည်း တစ်ဝိုင်းထဲစားစရာမလိုဘူး""ရှုပ်ရှုပ်ယှက်ယှက်.. ဆင်းရဲတဲ့အောက်တန်းစားတွေနဲ့
အပေါင်းအသင်းမလုပ်ရဘူး ....အိမ်မှာရော
ကျောင်းမှာရောပဲ...မား ဘာသံမှ မကြားချင်ဘူးနော်""ဟုတ်....."
ဒီလိုမျိုး လူတန်းစားခွဲခြားတာကို သူမကြိုက်ပေမဲ့ ဘာမှတော့ ဆက်မပြောနိုင်ပါဘူး။မားနှင့်ပါးကြောင့် ကျောင်းမှာအပြင်
အိမ်ထဲက အိမ်ပြင်မထွက်ရသဖြင့် မမနှင့်သူ နှစ်ယောက် စလုံး အပေါင်းအသင်းမရှိကြပါ။မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်သည်နှင့်တပြိုင်နက်
တရုတ်ကျောင်း မြန်မာကျောင်း ကျူရှင်စတာတွေကို
ညနက်သည်အထိတက်ရသည်။သူများ ကလေးတွေလို
သူတို့မှာနားချိန် ဆော့ချိန် သိပ်မရှိပါ။ကျောင်းနှင့်အိမ်
အိမ်နှင့်ကျောင်း နေ့စဉ်သံသရာလည်နေရသည်။
YOU ARE READING
တို့အတူ(တို့အတူ) Completed