Part 29(Z)

431 22 0
                                    

ပြောရက်တယ် မင်းမို့ပြောထွက်တယ်။ဒီစကားက ငါအရမ်း
မုန်းတဲ့စကားဆိုတာ သိရက်နဲ့။

ကိုယ်ချစ်ရတဲ့သူတွေပြောတဲ့စကားက အနာကျင်ရဆုံးပဲ။
အန်တီကပြောရင်တောင် ဒီလောက်ခံစားရမှာမဟုတ်ဘူး။

ငါ့အပေါ်မှာအကောင်းဆုံးလူ၊ ဘေးနားမှာအမြဲအတူရှိချင်တဲ့လူဆိုပြီး သတ်မှတ်ထားတာပါ။ဒါကို မင်းကထွက်သွား
ဆိုတော့ ငါဘာလုပ်ရမှာလဲ မုံကြီး။

ထွက်သွားလိုက်တာပေါ့ ငါအားကိုးရှိလို့ပြန်သွားတာမဟုတ် ဘူး။မင်းနှင်ထုတ်လိုက်လို့ ငါတို့နှစ်ယောက်ရဲ့အသိုက်မြုံလေးထဲက ထွက်လာခဲ့တာ။

ငါဝမ်းနည်းသလို ဒေါသလည်းထွက်တယ်မုံကြီး။
၅၂၈ မှာလည်း ငါအပြည့်အဝမရခဲ့သလို မင်းပေးတဲ့ ၁၅၀၀ ကလည်း အပြည့်မဟုတ်ဘူး။

ငါကြောက်သွားပြီ။ငါဆိုးသမျှ၊ပြောသမျှလက်သင့်ခံပါ့မယ်၊အမြဲချစ်ပါ့မယ်လို့ ပြောခဲ့တဲ့မင်းက လက်တွေ့မှာတော့ အပြောနဲ့အလုပ် မညီခဲ့ပါဘူး။

တစ်ဘဝလုံးစာထွေးဖက်ထားဖို့ မင်းမကြိုးစားခဲ့ပါဘူး။ငါ့ကို
တွန်းတောင်ထုတ်ခဲ့သေးတာ။

မင်းရှေ့မှာမပေါ်လာပါနဲ့လို့ ပြောရအောင် ငါ့စိတ်နဲ့ငါ့ခန္ဓာ မင်းပိုင်တာမို့လို့လား။စိတ်တော့ချ။ငါဆိုတာ စိတ်မာတဲ့ကောင် မို့လို့  မင်းရှိတဲ့ဘက်ခြမ်းတောင် ငါလှည့်မအိပ်ဘူး။

အချစ်ကိုပေါ့ပေါ့ပျက်ပျက် မချစ်ခဲ့သလို အချစ်မရှိရင်လည်း ငါ့ဘဝကြီးက သိပ်တော့မပြောင်း လဲသွားပါဘူး။အရေးမပါတဲ့အချစ်ကို ငါအာရုံ ပြောင်းပစ်လိုက်မှာ။

မင်းနဲ့အတူနေတဲ့ကာလအတွင်းမှာ ပြင်ပကလူတွေနဲ့
ငါထိတွေ့ခွင့်ရခဲ့တယ်။ငါပညာတွေအများကြီးရခဲ့သည်။

လူ့သဘော၊လူ့မနော အမျိုးမျိုးငါကြုံခဲ့ရသည်။ပုံစံခွက်ရဲ့
အပြင်မှာလည်း ငါကောင်းကောင်းရှင်သန်နိုင်ခဲ့တာပဲ။

မင်းကျေးဇူးကြောင့် ပါးနဲ့မားရဲ့ ပုံစံခွက်ထဲမှာတော့ ငါအတိအကျမနေနိုင်မှာ အသေအချာပဲ။

သွေးအေးသွားတဲ့အခါ မင်းငါ့ကို ပြန်ချော့မှာပါလို့ ငါ့စိတ်ထဲက တိတ်တခိုးမမျှော်လင့်ဘူးဆို ငါလိမ်ရာကျသွားမည်။

တို့အတူ(တို့အတူ) CompletedWhere stories live. Discover now