Final(U)

1.7K 107 6
                                    

ဦးလေးတို့ဆီ သွားနှုတ်ဆက်တော့ ကိုဖြိုးတို့နှစ်ယောက်ပါ ရောက်နေကြပြီ။ဟန်နီးမွန်းထွက်ပြီးနောက် သူမအမျိုးသားရှိရာဒေသမှာပဲ နီနီခင်ကအခြေချတော့မည်တဲ့။အန်တီလည်း မျက်ရည်တစမ်းစမ်း။သူတို့လင်မယားနှစ်ယောက် မိဘတွေကိုကန်တော့ပြီး မိသားစုစုံညီစကားခဏ ပြောကြသေးသည်။အချိန်မနည်းသည်မို့ သူတို့လည်းချောင်းသာသွားကြတော့မည်။

"ကိုနယုန် ....ကိုမုံ့ကိုစိတ်ချမယ်နော် ......
လွှတ်မထားနဲ့ လူဆိုးကို"

"အင်း ....ပျော်ရွှင်ပါစေ ညီမလေး.... ငဖြိုးရောပဲ  မင်းတို့နှစ်ယောက်.... အိုအောင်မင်းအောင် ပေါင်းရပါစေကွာ"

"ကျေးဇူး... သားကြီး မင်းတို့နှစ်ယောက်လည်း အချစ်မစမ်းနဲ့တော့ ....ပျော်ပျော်သာနေ မင်းအဖေလည်း ...သက်သာပါစေကွာ"

"အေးပါ...."

"ကိုမုံ.... ငါစိတ်ချမယ်နော် နင်.... ကိုနယုန့်စကားနားထောင် ကြားလား... အရက်တွေမသောက်နဲ့တော့နော် ...သူ့အိမ်လိုက်သွားလည်း... သည်းခံနော်.... ငါတို့အိမ်မှာလာနေတုန်းကလည်း အမေ့သည်းညည်း သူခံပေးတယ်နော်.... အပြန်အလှန်ပေါ့ဟာ ... အတတ်နိုင်ဆုံး စိတ်မကောက်စိတ်မဆိုးကြနဲ့ဟာ.... သူ့မှာလည်း အဖေကကျန်းမာရေးမကောင်းဘူးနော် ....ကိုမုံ"

"ငါသိပါတယ် ....ငနီရယ်"

"ဘာ.... ခေါ်ပြန်ပြီ ငနီလို့  ဟွန်း.... အချိုးပြောင်းသွားပြီ ...ကူညီပေးခဲ့တာကို.... မထောက်"

"နင်ကလဲ... ချစ်စနိုးခေါ်တာပါဟ နီမရာ အို့ ...အို့"

မကြိုက်မှန်းသိပေမဲ့လည်း ညီမဖြစ်သူကို စနောက်နေမိသည်။မဟုတ်ရင် ဒီကောင်မလေး ငိုတော့မှာ။

"အား.... ကိုမုံ နင်.... နင် "

တဗုန်းဗုန်းထုရိုက်နေသည့် ညီမကို ပတ်ရှောင်ပြီးပြေးနေတဲ့မုံကြီး။

သတို့သမီးကလည်း မရိုက်ရမချင်း ပြန်ဖို့စိတ်ကူးရှိပုံမရ။မောင်တို့ မောင်နှမနှစ်ယောက်ကို မိမိနှင့်ကိုဖြိုးအပါဝင် မိသားစုဝင်တွေက ငေးကြည့်နေမိသည်။

အတန်ကြာပြေးပြီးမှ သူ့ညီမလက်ထဲ အမိခံလိုက်တဲ့မုံကြီး။ကျောပြင်ကို ဗြောတင်ခံနေရသော ကိုကိုမုံ။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now