Part 3(U)

1.2K 114 9
                                    

ထမုံဒီနှစ် ရှစ်တန်းအောင်ခဲ့ပြီ။အိမ်စီးပွားရေးအရကော ကိုယ်တိုင်လည်းစာမလုပ်ချင်သည့်စိတ်ဖြင့် ကျောင်းနားတော့မည်။

"အဖေနဲ့အမေ...ကျတော် ကျောင်းမလိုက်တော့ဘူး "

"ဟဲ့...ထမုံ ကျောင်းမတက်ရင်... နင်ဘာလုပ်စားမှာလဲ"

"ငါ့သားကရော... ဘာလို့မတက်ချင်တာလဲကွ အကြောင်းပြချက်တော့ရှိရမယ်"

"ဟုတ်...အဖေ စာလည်းစိတ်မဝင်စားဘူး ကျောင်းသားများတော့ အဖေတို့လည်း ကြပ်တည်းတယ်လေ... ကျတော် အလုပ်ထွက်လုပ်မယ်စဉ်းစားထားတယ်"

အဖေနှင့် အမေ မျက်နှာမကောင်းလှဘူး။
ထမုံပြောနေတာလည်း အမှန်တွေပဲ။

"ကဲပါ.....ဘာမှစိတ်မကောင်းမဖြစ်နဲ့..... ကျတော်လည်းစာမှမလုပ်ချင်တာ.. ဘိုးထွန်းရွှေဝပ်ရှော့မှာ သွားလုပ်မယ် "

ခုတော့ အဖေ့ညီ လေးအောင်ထွန်းသာ ဦးစီးလုပ်ကိုင်နေပါသည်။ဘိုးထွန်းရွှေက မနှစ်ကဆုံးသွားပြီ။ထမုံတို့ မုန့်ဖိုးတောင်းစရာလူလျော့သွားပြီ။

ဝပ်ရှော့က ကားရေဆေးဆီလိုက်နှင့်တွဲဖွင့်ထားပါသည်။ဆိုင်အကြီးစားကြီး မဟုတ်ပေမဲ့ သူမိတ်နှင့်သူ ရပ်ကွက်ထဲအဆင်ပြေလှသည်။

"အေး... ငါ့သားက လုပ်ချင်သပဆိုလည်း လုပ်ကွာ ...မယ်‌ထွေး မင့်သဘောကရော"

"ကျုပ်လည်း မပြောတတ်ဘူး... သူစိတ်မပါတာကြီးလည်း ဇွတ်မလုပ်ခိုင်းချင်ဘူး သူ့အတွက် တာဝန်ပေါ့သွားတာပေါ့ ....ပြောလည်းရမှာမှမဟုတ်တာ တော့်သားက..."

ဒီလိုနဲ့ ထမုံ၏ကျောင်းတက်ခြင်းအနုပညာ ရပ်တန့်သွားခဲ့သည်။ကျောင်းတက်သည် စာလုပ်သည်ဆိုတာကလည်း အနုပညာတစ်ခုလိုပဲ ရင်ထဲကမပါရင်လုပ်မရဘူးမလား။

ဝပ်ရှော့မှာ ပညာသင်အနေဖြင့် ဝိုင်းလုပ်ဝိုင်းစားသဘောနဲ့ ခြောက်လလောက် လုပ်လိုက်ရသည်။နောက်တော့ မုန့်ဖိုးသဘောမျိုး လခသဘောမျိုး ပေးသည်။ရသည့်လစာ အမေ့အကုန်အပ်ဖြစ်သည်။ခုလက်ရှိမှာ အမေ့အတွက် ထမုံဟာ လိမ္မာသည့် သားတစ်ယောက်ပဲ။

ထမုံလူပျိုဖော်စဝင်တော့ အသံတွေဩ မုတ်ဆိတ်မွှေး ပါးသိုင်းမွှေးတွေ ထွက်လာသည်။ငယ်ကတည်းက ထွားထွား၊ကြီးလာတော့ အရပ်က ၅'၁၀" အသားညိုညို မျက်တောင်‌မွှေးထူလွန်းလို့ မျှော့ကပ်ထားသလိုပဲ။ မျက်လုံးမျက်ဖန်ကောင်းကောင်းနဲ့ ရပ်ကွက်ထဲ လူပျိုချောစာရင်းဝင်ပါသည်။

တို့အတူ(တို႔အတူ) CompletedDonde viven las historias. Descúbrelo ahora