အမှန်တကယ်ဆိုလျှင် သူတို့မောင်နှမနှစ်ယောက်သည် စာတော်ပြီး လိမ္မာကြပါသည်။ပါးနှင့်မားက မိမိကိုအရည်အချင်းမရှိသည့်ကောင်လို့ ပြောသည့်အခါ သူတော်တော်ခံစားရပါသည်။သို့ပေမဲ့ ပါးပါးတို့လည်း ကြိတ်မနိုင်ခဲမရ ဒေါသတွေထွက်နေတာ တွေ့ရလို့သူပျော်မိသည်။ခုဆိုလျှင် မမထက်တောင် မိမိကိုနှိမ်ချိုးဆက်ဆံလာကြသည်။
တစ်ခါတစ်လေ တွေးမိပါသေး၏။မိမိတို့သည် သူတို့၏သားသမီးအရင်းတွေမှ ဟုတ်ပါလေစ။
မမကို အရင်လိုမဟုတ်ဘဲ နည်းနည်းဦးစားပေးလာကြသည်။သူ့အတွက် မိမိရင်းရတာတန်ပါသည်။
မမ၏ကျန်းမာရေး အခြေအနေကြောင့် မမသည်အဝေးသင်ပဲ တက်ဖြစ်ပါသည်။မိမိကိုလည်း တက်ချင်သည့် ကျောင်းတက်နိုင်သည်။ မင်းဘာသာလုပ်ချင်တာလုပ် ဆိုပြီး ပြောထားသည်။ယခုအထိ မည်သည့်တက္ကသိုလ် ရွှေးရမည်ဆိုတာ သူမသိပါ။မိမိသည် မည်သည့်အရာတွေကိုစိတ်ဝင်စားသနည်း ဆိုသည့်အကြောင်းအရာကို တစ်ခါမှ မစဉ်းစားခဲ့ဖူးလို့ ခေါင်းခြောက်ရပါ၏။
"မမ.... သား ဘာတက်ရမလဲဟင်"
"မောင်လေး ဝါသာနာပါတာ...... လုပ်လေ ကလေးရဲ့"
မမက ဒီလိုပြောနေသော်လည်း စဉ်းစားမရ ချေ။ ခေါင်းသာ တဖျင်းဖျင်းကုတ်နေမိသည်။
"ကဲ..... ခေါင်းကြီးလည်း ပွန်းနေပါဦးမယ်ရှင် GTC လျှောက်ကြည့်ပါလား"
"ဟာ.... အင်ဂျီနီယာလည်း မလုပ်ချင်ဘူး"
အမှန်က ဆရာဝန်၊ အင်ဂျီနီယာဆိုသည့် ဂုဏ်ပုဒ်များကို မားတို့သဘောကျတာ သိ၍တမင်မရွှေးတာ။ကျတော်လည်း မိဘများအပေါ်ရွဲ့၍ မကောင်းတာကို သိ သော်လည်း အနည်းငယ်ခန့် ကလိချင်သေးသည်။ငယ်ငယ်ကတည်းက နာခံရတာ ယခုမှအတိုးချ ဂျစ်နေသလားတောင်ထင်ရသည်။
ထိုသို့ပြီးလျှင် နောက်ထပ်မရွဲ့ရန် ဆုံးဖြတ်ထားသည်။ဒီလိုနှင့် ကျတော် ကွန်ပျူတာတက္ကသိုလ်ပဲ ရွှေးချယ်ခဲ့ပါသည်။
မားကတော့ဖြင့် ခဲလေသမျှ သဲရေကျသွားရှာ၏။တက္ကသိုလ်လျှောက်လွှာကျလာပြီးနောက် မားတို့နှင့် ပိုပို အနေဝေးသွားသလိုပဲ။ယခင်ကလည်း စာကျက်ဖို့ ၊စာလုပ်ဖို့ဆိုသည့်စကားပြောစရာရှိမှသာ အနားရောက်လာသည်မလား။Computer တက္ကသိုလ်က
စဉ့်ကိုင်မှာ တက်ရတော့ နေ့စဉ်ဖယ်ရီဖြင့်သာ သွားရပါသည်။
YOU ARE READING
တို့အတူ(တို႔အတူ) Completed