Part 17(U)🌚

1.5K 96 16
                                    

🌚🌚🌚

နှစ်ဦးသားရင်ခုန်စွာ မျှော်လင့်နေကြသည့်
နေ့လေးရောက်လာပါပြီ။ယ‌နေ့မှာ အိမ်ထောင်‌ရေး အရသာအပြည့်အဝခံစားကြတော့မည်။လမ်းလျှောက်တာတောင် မြေကြီးနှင့်ခြေဖဝါးမထိနိုင်အောင် တက်ကြွနေတဲ့ ကိုကိုထမုံနှင့် ဘာနေနေတုံးတိုက်တိုက် ကျားကိုက်ကိုက် သူသေကိုယ်သေ ရင်ဆိုင်မည်ဆိုသည့်ကိုကိုနယုန်တို့ ထိပ်တိုက်တွေ့မည့်ပွဲလေးပါ။ အခြေအနေက တော်တော် စိတ်လှုပ်ရှားစရာကောင်းနေပါပြီ။ပထမဆုံးအတွေ့အကြုံဆိုတော့ကာ ချာတူးလန်နေမလား။ဆရာကျနေမလား မသိချေ။

ည ၁၁နာရီခွဲလောက် အလုပ်သိမ်းခဲ့ပြီ။ဒီနေ့ နယုန်လေးက ရေမိုးချိုးပြင်ဆင်ပြီး စောင့်နေလောက်ပြီ။အဟေ့ အဟေ့ ငါတော့ အိုရချည်သေး ယို့ ယို့။

အိမ်ထဲကို ဝင်ခဲ့တော့ မီးရောင်အောက်မှာ စာလုပ်နေသည့် ချစ်ရသူလေးကို တွေ့ရသည်။စောက်ခွေး ခြေဖျား လက်ဖျားတောင် အေးလာပြီ။

"နယုန်လေး"

"မုံကြီး ပြန်လာပြီလား.....
သွား ....ကိုယ်လက်သန့်စင်တော့"

"အင်း.... ကိုယ့်ကို စောင့်နေနော် ပိတ်စွယ်လေး"

ဖလိုင်းကစ်(စ်)လေး ဝဲပြီးပေးလိုက်တော့ ပိတ်စွယ်လေး ရှက်သွားသည်။ငါကွ နောက်ဖေးအမြန်ဝင် မျက်နှာ‌ ပြေးသစ်မိတော့သည်။
/
/
/

ဒီကဖြင့် စိတ်လှုပ်ရှားနေလို့ စာကြည့်ဟန်ဆောင်နေတာ။သူက ကိုယ့်ကို ကျီစယ်သွားသေးသည်။လက်ချောင်းတွေ တဂျွတ်ဂျွတ်၊ခါးတွေ တောင်လှည့် မြောက်လှည့် လုပ်မိလုပ်ရာ လုပ်နေလိုက်သည်။ငါက အဝတ်ချွတ်ထားရတော့မှာလား။သူချွတ်ပေးမှာလား။သူမလာခင် ခြင်ထောင် ထောင်ထားရတော့မှာလား။အဖော်ပဲ ဖောက်ထားရမလား။ထိုင်ရမလို ထရမလိုတစ်ယောက်တည်း စောက်ရမ်း လမ်းပျောက်နေမိသည်။

လာမဲ့ဘေး ပြေးတွေ့မည်လို့ အားတင်းထားပေမဲ့ နဖူးတွေ ဒူးတွေ့က တကယ်မလွယ်ချေ။အတန်းထဲလူအများကြီး၏ရှေ့မှာ Presentationထွက်ပြောရသည့်အခြေအနေနဲ့ နည်းနည်းသွားတူသည်။ပြောပြီးသွားလျှင် ဘာမှမဟုတ်တော့ဘူး။မပြောခင်လေးပဲ စိုးရိမ်စိတ်များနေတာ။ခုလည်း အဲဒီခံစားချက်ကြီးလိုပဲ။လုပ်ပြီးသွားလျှင်တော့......အား မြန်မြန်လာပါတော့ နှာချွန်ရေ။စောင့်ရတာ ပိုရင်တုန်သည်ကွ။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now