Part 26(U)

1K 94 22
                                    

ငါတို့နှစ်ယောက်လုံး ခုလိုခံစားနေရတာမှာ မင်းစိတ်မကောင်းသလို ငါလည်းဝမ်းနည်းတယ်မုံကြီး။ဒါပေမဲ့ ခုကိစ္စမှာ ငါမမှားဘူးမောင်။

မင်းအမေရဲ့ ငါ့အပေါ်တဖက်သတ် အမြင်စောင်းမှုတွေက ငါနေရတာကျဉ်းကြပ်တယ်၊စိတ်ရှုပ်တယ်ကွာ။သူ့သားဖြစ်တဲ့ မင်းအပေါ်မှာကောင်းပေမဲ့ ငါ့အတွက်တော့ အန်တီက ယောက္ခမဆိုတာ ယောက္ခမလိုပဲ။တဖြည်းဖြည်းငါနားလည်လာပြီထင်သည်။‌ သေချာတာက မင်းအမေနဲ့ငါ ရေရှည်မှာ အတူတူနေလို့မရဘူး။

ဒီနေ့တစ်ညတော့ မင်းကိုငါ စကားမပြောချင်တော့ဘူးမုံကြီး။ပြောလည်း စိတ်ချမ်းသာစရာမဟုတ်တဲ့အရာတွေကို ငါမပြောချင်ဘူးမောင်။

စိတ်ညစ်တာတွေမေ့သွားအောင် ငါ့အိပ်တော့မယ်။ငါတို့ပုံမှန်အိပ်ရာဝင်ချိန်မဟုတ်လည်း မင်းလည်းစိတ်ပင်ပန်းနေရတာပဲ စောအိပ်သင့်ပါသည်လေ။

"ငါအိပ်ပြီ ....မင်းလဲအိပ်တော့"

နောက်ဆုံးကျ ချစ်ရသူဆီမှ တုန့်ပြန်စကားလေး ကြားလိုက်တော့ ပျော်သွားသည်။ခုမှပဲ စိတ်ချမ်းသာရတော့တယ် ကောင်လေးရေ။ရင်ဘတ်ထဲမှာ ဆို့နေတဲ့အလုံးကြီးပြုတ်ကျသွားသလို ခံစားမိသည်။

"ရှုး... ရှုး... "

ချစ်ရသူရဲ့ ဖြူနုနုပါးပြင်လေးကို တရှုးရှုးမြည်အောင် နမ်းရှုံ့ရင်း။ခုနကထိ မိမိဘဝကသောင်ပြင်လွှတ်ထားတဲ့ခွေးလိုလို၊ဘယ်ပြေးလို့ဘာလုပ်ရမှန်းမသိ။

မည်သည့်အလုပ်မှမလုပ်ချင်တော့တဲ့အထိ အမောင်နယုန်ကစွမ်းပါ၏။ယောင်္ကျားရဲ့ စိတ်ဆိုးမှုစက်ကွင်းမှာ မိနေတဲ့ကျတော် ခုမှလွတ်မြောက်လာပါပြီ။

"ရှုး... ရှုး..."

ဒီတစ်ခေါက် စိတ်ဆိုးမှုကို ချော့ရတဲ့အခါ အရင်အကြိမ်တွေနဲ့မတူဘဲ အချိန်ယူရပါသည်။သူကိုယ့်ကိုပြန်စကားပြောမှ ထိရဲကိုင်ရဲနမ်းရဲပါတော့၏။မိမိ၏အ‌ချေမင်းသားလေး။ပါးပြင်နှစ်ဖက်ကို မွှေးကြူရတာကို အားမရနိုင်ဘဲ မျက်နှာတစ်ပြင်လုံး၊လည်ပင်းသားအိအိနဲ့ လက်ချောင်းဖောင်းဖောင်းလေးတွေပါ ချစ်လွန်းလို့ တရှုရှုးနမ်းနေမိသည်။

တို့အတူ(တို႔အတူ) CompletedWhere stories live. Discover now