"အမေရာ လုပ်ပြန်ပြီ...ခရမ်းချဉ်သီးချက်တာ ဟင်းချိုမှုန့်ထည့်ဖို့ မေ့သွားပြန်ပြီလား"
"ဒီလျှာက သိတယ်နော်... စားရတာ အရသာမရှိဘူး တကယ်... ဒါလေးကို လူကိုစေတနာ မရှိဘူးလား မသိ"
"ဟဲ့ ...ငါလည်းမေ့သွားလို့ပါအေ အချို့မှုန့်တွေလျော့စားလို့ ပြောနေကြတယ် ရောဂါများတယ်တဲ့..."
"ဟာ ....ပြီးကျမှ ဖြစ်ချင်ရာဖြစ် မသေခင်တော့ စားချင်တာစားသွားမယ် "
"ဘယ်မတုန်း... အမေ့အချိုမှုန့်ဘူး"
ဇွန်းနဲ့တစ်ကော်ခပ် ထမင်းထဲသာ ဖြူးပြီး လူးစားတော့သည်။ငါးပိချက်နဲ့ တို့စရာအစုံပါလို့ကတော့ ထမုံ့အကြိုက်။လျှာက အရသာသိသည်။ဟင်းချိုမှုန့်မပါရင် ပေါ့ပျက်ပျက်နဲ့ စားမဝင်ဘူး။
မအေလုပ်သူလည်း ဘာမှမပြောတော့ဘူး။ကိုယ့်သားအကြောင်း ကိုယ်သိသည်မလား။
"အဖေ... ဘယ်သွားတုန်း"
"နင့်အဖေ... သွားကစ်နေပြီနေမှာပေါ့ ငါ့ဆီကပိုက်ဆံသုံးရာတောင်းသွားတယ်"
"အင်း....အင်း ငနီဘယ်နေ့ပြန်ရောက်မှာလဲ"
"နောက်တစ်ပတ် စနေ့ရောက်မယ်ပြောတယ်သကြင်္န်တွင်း တစ်လပိတ်တယ်လို့ပြောတာပဲ"
ငယ်ငယ်က ယောင်္ကျားပုံစံ ငနီဟာ ခုဆိုရင် ပညာရေးကောလိပ်တက်နေပြီဖြစ်သည်။ကိုယ်ကသာ ကိုးတန်းထွက် သူကတော့ ကျောင်းပြီးလျှင် ဆရာမကြီးဖြစ်တော့မည်။ကိုယ့်ညီမအစားဝမ်းသာမိသည်။
ဆရာမဖြစ်တော့မှာ ဆိုတော့ အရင်လိုကျားကျားယားယားမနေတော့ဘဲ အနည်းငယ် မိန်းမဆန်လာသည်။ယူနီဖောင်းနှင့် ပြန်လာသည့်နေ့က ဆံထုံးပိစိနဲ့ဆရာမကြီးပုံစံငနီ့ကို ဝိုင်းစကြလို့ ဒီကောင်စိတ်ဆိုးတာမှတ်မိသေးသည်။
ငနီကတော့ စော်ဝိုက်ဖို့သွားမည်ဆိုပြီး မဟာရည်မှန်းချက် တစ်ခုထားပြီး ကျောင်းသွားတက်ပါသည်။ယနေ့အချိန်ထိတော့ ရည်းစားရသည့်အသံမကြားရသေးပါ။
ဒီကောင်ပြန်လာမှ မေးကြည့်ရဦးမည်။မိမိကတော့ ချစ်ရသူလေးနှင့် အရင်ကထက်စာရင် နီးစပ်လာသည်ပဲပြောရမလား။
ဝပ်ရှော့ကိုလိုက်လာရင် သူစားချင်သည့်
မုန့်လေးတွေ ဝယ်ပေးလိုက်၊ကိုယ်တိုင်ပဲလက်ဖက်သုပ် ကျွေးလိုက်နဲ့ တစ်ကယ်
ပျော်ပါသည်။
YOU ARE READING
တို့အတူ(တို႔အတူ) Completed