Final (Zawgyi )

944 28 10
                                    

ကြေွလွင့်သွားသော

ဒီနေ့ဆိုငယ်ဆုံးတာတစ်လပြည့်ခဲ့ပြီ။ မောင်ဆိုတဲ့လူသားကတော့အုတ်ဂူလေးဘေးမှာရှိနေဆဲပါ။ စုတ်ပြတ်နေတဲ့အဝတ်အစားတွေ ၊ ရှည်လျားလာတဲ့ဆံပင်တွေ ၊ နှုတ်ခမ်းမွှေးမှုတ်ဆိတ်မွှေးတွေဟာဆိုရင်ဖြင့် အကျည်းတန်လွန်းနေခဲ့သည်။ အသားအရည်ကလဲမွဲခြောက်ပြီး ခြေထောက်ကဒဏ်ရာကလဲ ရွံစရာတစ်ခုအလားဖြစ်နေတော့သည်။

ပြည်တွေတည်ပြီးအနာကရင်းနေတော့လမ်းတောင်မနည်းလျှောက်နေရတဲ့တည်တံ့အဖြစ်က အမှမ်ပင်ရင်နာစရာကောင်းလှသည်။ အိမ်ကလူတွေမသိဘူးလားဆိုတော့မိုးလင်းတာနဲ့အုတ်ဂူလေးဆီသွားပြီးမိုးချူပ်မှသာပြန်လာတတ်သည်။ တစ်ခါတစ်လေပြန်မလာတဲ့ရက်တောင်ရှိတာမို့ အိမ်ကလူတွေနဲ့ပင်မတွေ့ရပါ ။

ပြန်လာတဲ့အခါတိုင်းလဲ အခန်းတံခါးကိုလော့ချထားတော့တွေ့ရဖို့တောင်မနည်းကြိုးစားနေရှာတဲ့မိသားစုဝင်များမှာလဲ နင့်နေအောင်ခံစားနေရရှာသည်။ ဒဏ်ရာရှိနေမှန်းဘာတစ်ခုမသိထားကြပါ ။

ငယ်လောကကြိီးထဲကထွက်သွားတာတစ်လပြည့်တဲ့နေ့လေးမှာမောင်ကတော့အုတ်ဂူဘေးမှာသာရှိနေပြီး အိမ်ကမိသားစုဝင်တွေကတော့ဆွမ်းကပ်ပေးနေကြသည်။ ကုသိုလ်ကောင်းမှုလေးတွေလဲလုပ်ပေးနေကြသည် ။ ယနေ့ချိန်ထိမိသားစုဝင်တိုင်းရဲ့နှလုံးသားလေးထဲမှာဆွဲကျန်ရစ်ခဲ့တဲ့ကောင်လေး ကောင်းရာသုကတိလားပါစေ.....

မှောင်ရီပျိုးလာတဲ့ညနေခင်းလေးမှာ အုတ်ဂူဘေးကကောင်လေး သီချင်းလေးဆိုနေဆဲပါ သို့ပေမဲ့ သူတစ်ယောက်ထဲသာကြားနိုင်လောက်တဲ့လေသံမျိုးလေးနဲ့ပေါ့ ဘာလို့ဆိုနေပူမိုးရွာမရှောင်အုတ်ဂူဘေးမှာနေ့တိုင်းလာပြီးသီချင်းဆိုနေတော့ အနာကရင်းပြီးမေးခိုင်းပိုးဝင်လာတော့သည်။ လူကလဲချိနဲ့နဲ့သာရှိတော့သည် ။

"ငယ်....မောင်အရမ်းပျော်နေပြီသိလား မောင်သိနေတယ်ငယ် မောင်ငယ့်ဆီလိုက်လာလို့ရတော့မယ် အဲ့ခါကျရင်မောင့်ကိုအားရပါးရအပြစ်ပေးနော်

မောင်ကလဲအတိုးချပြီးချစ်ပေးအုံးမှာမလို့ ငယ်သိလား မောင့်မျက်လုံးတွေပြာနေပြီ အရမ်းလဲချမ်းနေပြီငယ်ရယ် ခြေထောက်ကလဲနာလိုက်တာ အသဲခိုက်မတက်ပဲ

ကြွေလွင့်သွားသော {Complete }Where stories live. Discover now